မော်လမြိုင်မြို့ ကမ်းနားလမ်း၊ သံလွင်မြစ်ကမ်းဘေးတစ်လျှောက် စွန့်ပစ်အမှိုက်များစုပေါင်းသန့်ရှင်းရေး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်မြို့ ကမ်းနားလမ်း၊ သံလွင်မြစ်ကမ်းဘေးတစ်လျှောက် စွန့်ပစ်အမှိုက်များစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်



မော်လမြိုင်၊ ဇူလိုင် ၁ဝ

မွန်ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်မှုဖြင့် မော်လမြိုင်မြို့၊ ကမ်းနားလမ်းသံလွင်မြစ်ကမ်းဘေးတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးနှင့် ပလပ်စတစ်စွန့်ပစ်အမှိုက်များ ပင်လယ်အတွင်း မျောပါမှုမရှိစေရေးအတွက် စုပေါင်းရှင်းလင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စုပေါင်းသန့်ရှင်းပွဲသို့ ခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌ ဦးမြတ်ယုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌ ဦးတင်ယုနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ၊ အမျိုးသမီး‌‌ရေးရာအဖွဲ့၊ မိခင်နှင့်က‌လေးစောင့်ရှောက်အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ စုစုပေါင်းအင်အား(၃၀၀)ခန့်သည် မော်လမြိုင်မြို့၊ ကမ်းနားလမ်းသံလွင်မြစ်ကမ်းဘေးတစ်လျှောက် ခြုံနွယ်များ၊ မြက်ပင်များနှင့်စွန့်ပစ်ပလတ်စတစ်အမှိုက်များအား ရှင်းလင်းခြင်း၊ ဆယ်ယူခြင်းများကို စုပေါင်းရှင်းလင်း ဆောင်ရွက်ခဲ့ကြသည်။

မွန်ပြည်နယ်အတွင်း ပင်လယ်ကမ်းရိုးတန်းဒေသများ သန့်ရှင်းသာယာလှပရေးနှင့် ကမ်းရိုးတန်းသယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့စေရန်ရည်ရွယ်၍ စုပေါင်းသန့်ရှင်းပွဲကို ဆောင်ရွက်ခြင်းဖြစ်ပြီး တစ်လလျှင်(၂)ကြိမ် လစဉ်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။


ခင်စန်းမြင့်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)