ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး (၅၉) ကြိမ်မြောက် အာဆီယံ-ဒါကာကော်မတီ အစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး (၅၉) ကြိမ်မြောက် အာဆီယံ-ဒါကာကော်မတီ အစည်းအဝေး တက်ရောက်



ဒါကာ၊ ဇူလိုင် ၁၀

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးသည် ၉-၇-၂၀၂၄ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီမှ ၁၂:၃၀ နာရီအထိ ဒါကာမြို့အခြေစိုက် ထိုင်းသံရုံး၌ ကျင်းပခဲ့သည့် (၅၉) ကြိမ်မြောက် အာဆီယံ-ဒါကာကော်မတီ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌ ထိုင်းသံအမတ်ကြီး H.E. Ms. Makawadee Sumitmor က အာဆီယံ-ဒါကာကော်မတီ၏ ဆောင်ရွက်ပြီးသည့် အစီအစဉ်များကို ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခြင်း၊ အာဆီယံ-ဒါကာကော်မတီ၏ လာမည့်လများအတွင်း ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များဖြစ်သည့် အာဆီယံအထိမ်းအမှတ် သစ်ပင်စိုက်ပျိုးရန်ကိစ္စ၊ ASEAN Day ကျင်းပပြုလုပ်ရန် ကိစ္စ၊ ASEAN Family Day ကျင်းပရေးကိစ္စတို့အပြင် သက်ဆိုင်ရာ အာဆီယံနိုင်ငံများနှင့် အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နေမှု အခြေအနေများ၊ ဒေသတွင်းနှင့် နိုင်ငံတွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)