ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ် ၁ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၃ဝဝ တုံး၊ အလေးချိန် ၁ဝ၅ ကီလို ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ် ၁ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၃ဝဝ တုံး၊ အလေးချိန် ၁ဝ၅ ကီလို ဖမ်းဆီးရမိ


နေပြည်တော်၊ ဇူလိုင် ၁၂

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် သတင်းအရ စောင့်ဆိုင်းနေစဉ် ကြိုတင်သတင်းရရှိထားသည့် စိုင်းဝဏ္ဏ၊ ညီလင်း (ခ) အိုက်ထွန်းနှင့် အောင်ဝင်းတို့ ၃ ဦးသည် TOYOTA CROWN မော်တော်ယာဉ် ၂ စီးဖြင့် ရောက်ရှိလာ၍ ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းတို့ သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၅၇၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး ၃၀၀ တုံး၊ အလေးချိန် ၁၀၅ ကီလို သိမ်းဆည်းရမိခဲ့သည်။ 

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူဘလောက်တုံးများအား ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ နမ့်စန်မှ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)