အုတ်ဖိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်မခမြစ်ရေဝင်ရောက်မှုကြောင့် လူနေအိမ် (၇) လုံး ရေထဲမျောပါ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်ဖိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်မခမြစ်ရေဝင်ရောက်မှုကြောင့် လူနေအိမ် (၇) လုံး ရေထဲမျောပါ




အုတ်ဖို၊ ဇူလိုင် ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တက်ဆွဲကျေးရွာနှင့် မှက္ကဒန်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်မခမြစ်ရေဝင်ရောက်မှုကြောင့် ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ အချိန်က လူနေအိမ် (၇) လုံးရေစီးဖြင့် မျောပါသွားကြောင်း သိရသည်။

အဆိုပါ ရေမျာပါသွားမှုတွင် တပ်ဆွဲကျေးရွာမှ ၃ ပင်အိမ်၊ သက်ကယ်မိုးထရံကာ (၆)လုံးနှင့် မှက္ကဒန်ကျေးရွာမှ ၃ ပင်အိမ်၊ သက်ကယ်မိုးထရံကာ (၁)လုံး စုစုပေါင်းနေအိမ် (၇) လုံး မျောပါခဲ့ပြီး ၎င်းအိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များသို့ ပြောင်းရွှေ့ထားကြောင်း၊ လူနှင့်တိရိစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။


အောင်သူ (အုတ်ဖို)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)