ဘီးလင်းမြစ်ရေမြင့်တက်၍ ဒုံဝန်းကျေးရွာ အနိမ့်ပိုင်းရပ်ကွက်များသို့ ရေများဝင်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြစ်ရေမြင့်တက်၍ ဒုံဝန်းကျေးရွာ အနိမ့်ပိုင်းရပ်ကွက်များသို့ ရေများဝင်ရောက်




သထုံ၊ ဇူလိုင် ၂၇

မွန်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုများကြောင့် သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်စပ်ခြား ဘီးလင်းမြစ်ရေမြင့်တက်လာရာ ယမန်နေ့မှစတင်ကာ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာရှိ မြစ်ကမ်းအနီးအနိမ့်ပိုင်းရပ်ကွက်များသို့ ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ဘီးလင်းမြစ်ရေသည် ယမန်နေ့ညနေပိုင်းက ဘီးလင်းမြို့၏ စိုးရိမ်ရေအမှတ်ဖြစ်သည့် ၁၀၂၂ စင်တီမီတာအထက်ကျော်လွန်ပြီး ၁၀၈၃ စင်တီမီတာသို့ရောက်ရှိနေပြီး မြစ်ကမ်းအနီး ဒုံဝန်းကျေးရွာအနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေများဝင်ရောက်လာသောကြောင့် ဒေသခံပြည်သူများအား တာဝန်ရှိသူများနှင့် ဒုံဝန်းကျေးရွာအခြေစိုက် လူမှုကူညီရေးပရဟိတအကျိုးဆောင်များမှ ရေဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း၊ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကြိုတင်စီမံဆောင်ရွက်ထားခြင်းနှင့် မြစ်ရေတက်မှုအနေအထားကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ခြင်းတို့ကို ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါမြစ်ရေ မြင့်တက်လာမှုကြောင့် ကျေးရွာအနိမ့်ပိုင်း နေအိမ်ခြံဝင်းများ၊ လမ်းများ၌ ရေလွှမ်းမိုးမှုဖြစ်ပေါ်ပြီး ရေတွင်းရေကန်အချို့ရေနစ်မြုပ်ခဲ့ရာ သွားလာမှုအခက်အခဲများနှင့် သောက်သုံးရေအခက်အခဲများ ကြုံတွေ့နေရကြောင်း လူ၊ တိရစ္ဆာန် ထိခိုက်ပျက်စီးမှုနှင့် နေအိမ်များပြောင်းရွှေ့ရခြင်းတို့မရှိ‌သေးကြောင်း ဒေသတွင်းလူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် နှောင်ကြိုးမဲ့လူမှုကူညီရေးအသင်း တာဝန်ရှိသူများထံမှ သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)