ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် အထက်မြန်မာပြည်ကွပ်ကဲရေးရုံး(မန္တလေး)နှင့် အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပင်မထိန်းချုပ်ရေးစခန်း(မန္တလေး)သို့ ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် အထက်မြန်မာပြည်ကွပ်ကဲရေးရုံး(မန္တလေး)နှင့် အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပင်မထိန်းချုပ်ရေးစခန်း(မန္တလေး)သို့ ကွင်းဆင်းကြည့်ရှု


စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဦးစီးဌာနနှင့် လုပ်ငန်းများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က အထက်မြန်မာပြည် ရေနံရှာဖွေရေး၊ တူးဖော်ရေးလုပ်ငန်းများ ကွပ်ကဲရေးရုံး (မန္တလေး) နှင့် အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းပင်မထိန်းချုပ်ရေးစခန်း (မန္တလေး) သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထက်မြန်မာပြည် ရေနံရှာဖွေရေး၊ တူးဖော်ရေးလုပ်ငန်းများ ကွပ်ကဲရေးရုံး (မန္တလေး) သို့ ရောက်ရှိရာ ကြီးကြပ်ရေးအင်ဂျင်နီယာက အထက်မြန်မာပြည်ရုံးခွဲ၏ လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကိုလည်းကောင်း၊ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ ဌာနအထွေထွေမန်နေဂျာ CNG က ပလိပ်မော်တော် ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင်၏ သဘာဝဓာတ်ငွေ့လက်ခံရရှိမှု၊ မော်တော်ယာဉ်များအား သဘာဝဓာတ်ငွေ့ရောင်းချပေးနိုင်မှု၊ မန္တလေးမြို့ရှိ Retest Factory ၏ သဘာဝဓာတ်ငွေ့အိုးများ နှစ်အလိုက်စစ်ဆေးပေးနေမှုကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သောရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့များကို တိုးမြှင့်ထုတ်လုပ်ရန် အရေးကြီးသကဲ့သို့ မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှရယူနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခြင်းသည်လည်း အဓိကကျသောကြောင့် အနီးကပ်ကြပ်မတ်ဆောင်ရွက်နိုင်ရန် အထက်မြန်မာပြည် ကွပ်ကဲရေးရုံးသည် အရေးပါသဖြင့်တိုးမြင့်လာမည့် ရည်မှန်းချက်တာဝန်များကို ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် လိုအပ်သည့် အခြေခံအဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်း၊ ဖြည့်ဆည်းပေးခြင်းတို့ကို စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းနှင့် မဒဲကျွန်းရေနံ သိုလှောင်စခန်းတို့မှ ရေနံနှင့်သဘာဝဓာတ်ငွေ့များပို့လွှတ်ပေးနေမှုကို ထိန်းချုပ်ဖြန့်ဖြူးပေးနေသည့် မန္တလေးမြို့ရှိ အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပင်မထိန်းချုပ်ရေးစခန်း (မန္တလေး) သို့ရောက်ရှိရာ အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဓာတ်ငွေ့ပိုက်လိုင်း ပင်မထိန်းချုပ်ရေးစခန်းနှင့် ပိုက်လိုင်းတစ် လျှောက်ရှိ ထိန်းဖြန့်စခန်းများ၏ ဝန်ထမ်းအင်အားနှင့် လုပ်ငန်းဆောင်ရွက်နေမှု၊ သဘာဝဓာတ်ငွေ့အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေသည့် စက်ရုံများသို့ သဘာဝဓာတ်ငွေ့များ ပို့လွှတ်နေမှု၊ ပိုက်လိုင်းနှင့်ဝင်ငွေရရှိမှု အခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သည် မြန်မာနှင့်တရုတ်နိုင်ငံ နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ တည်ဆောက်ထားပြီးဖြစ်သည့် ပိုက်လိုင်းများ၏ စွမ်းရည် ၅၀ ရာခိုင်နှုန်းခန့်သာ အသုံးပြုနေသဖြင့် ပိုမိုတိုးမြှင့်အသုံးပြုနိုင်ရန် ကြိုးစားခြင်းဖြင့် နှစ်နိုင်ငံ လုံးအတွက် အကျိုးရှိမည်ဖြစ်၍ ပိုမို၍နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားသည်။

Myanmar National Post

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)