မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသည့် ခန္တီးမြို့ရှိရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ရေဘေးကင်းလွတ်ရာသို့ ကူညီရွှေ့ပြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသည့် ခန္တီးမြို့ရှိရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ရေဘေးကင်းလွတ်ရာသို့ ကူညီရွှေ့ပြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်


 နေပြည်တော်၊ ဇူလိုင် ၇

 စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေ မြင့်တက်လျက်ရှိရာ ခန္တီးမြို့၏ စိုးရိမ်ရေအမှတ်သည် ၁၃၆၀ စင်တီ မီတာဖြစ်ပြီး ယမန်နေ့အထိ ၁၅၃၅ စင်တီမီတာအထိ မြင့်တက်လျက်ရှိသဖြင့် စိုးရိမ်ရေ အမှတ်ထက် ၁၇၅ စင်တီမီတာကို ကျော်လွန်ခဲ့ကာ ခန္တီမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေါမိုင်းရပ်ကွက်ရှိ တောရကျောင်းတိုက်နှင့် ကင်းတော်ကျေးရွာရှိ အောင်သိဒ္ဒိဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော်များအား ဆွမ်းဆန်နှင့်နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း၊ မြေပြိုမှုဖြစ်ပေါ်လျက်ရှိသည့် လားဝယ်ကျေးရွာ၌ ရေလွဲမြောင်းများတူးဖော်ပေးခြင်း၊ ရွှေ့ပြောင်းရန်လိုအပ်သော အိမ်ထောင်စုများအား ရေဘေးကင်းလွတ်ရာ နေရာများဖြစ်သည့် မြသိန်းတန်ဘုရားကုန်း၊ တပ်ဦးနန္ဒဝန်ဘုန်းတော်ကြီးကျောင်း၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း (ဇီးဖြူကုန်း) စသည့်နေရာများသို့ ကူညီရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)