တာမွေမြို့နယ်၌ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ထိန်ချုပ်ရေးလုပ်ငန်း များတွင် အသုံးပြုသည့် ကလိုရင်းဆေးရည်ဖျော်စပ်နည်း လက်တွေ့သရုပ်ပြသခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်၌ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ထိန်ချုပ်ရေးလုပ်ငန်း များတွင် အသုံးပြုသည့် ကလိုရင်းဆေးရည်ဖျော်စပ်နည်း လက်တွေ့သရုပ်ပြသခြင်းဆောင်ရွက်





တာမွေ   ၊   ဇူလိုင်   ၂၇

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး၌ ယနေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များအား ပြင်းထန် ဝမ်းပျက်/ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ထိန်ချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် ကလိုရင်းဆေးရည်ဖျော်စပ် နည်းကို လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်ခဲ့ကြသည်။


ထိုကဲ့သို့ ဆောင်ရွက်ရာတွင် တာမွေမြို့နယ် ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးအောင်ဖြိုးမောင်က ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွင် အသုံးပြုသည့် ကလိုရင်းဆေးရည်ဖျော်စပ်ရာတွင် အသုံးပြုရမည့် ရေပမာဏ၊ ဆေးပမာဏနှင့် လိုအပ်သော အခြား ဆက်စပ်ပစ္စည်းများ၊ ကလိုရင်းဆေးရည်ဖျော်စပ်ပုံ၊ ဖျော်စပ်နည်းအဆင့်ဆင့်တို့ကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး လက်တွေ့သရုပ်ပြသဖျော်စပ်ခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက ကလိုရင်းဆေးရည် အသုံးပြုပုံ၊ အသုံးပြုနည်းတို့နှင့် ပတ်သက်၍ အသီးသီးမေးမြန်းခဲ့ကြရာ မြို့နယ်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးအောင်ဖြိုးမောင်က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ ၂၀၂၄-ခုနှစ် ဇွန်လ(၂၃)ရက်နေ့မှ စတင်ကာ ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားမှုများ ဖြစ်‌ပေါ်ခဲ့ပြီး ယနေ့အထိ ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားသူ(၃၃)ဦးအထိ ရှိရာ ပြန်လည်ကောင်းမွန်လာသူ( ၂၉ )ဦးရှိ၍ လက်ရှိဆေးကုသမှုခံယူနေသူ( ၄ )ဦးရှိကြောင်း၊ ပြင်းထန်ဝမ်းပျက်/ ဝမ်းလျှောရောဂါပိုးတွေ့ရှိမှုအနေဖြင့် လူနာ(၁၀)ဦးအထိရှိလာပြီဖြစ်ကြောင်း၊ မြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှော ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ဝမ်းပျက်/ ဝမ်းလျှောရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းကော်မတီအနေဖြင့် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)