မြဝတီမြို့၌ သဘာဝဘေးအရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး (လူ၊ပစ္စည်း၊ယန္တရား) စုဖွဲ့မှုဖြင့် သဘာဝဘေးဇာတ်တိုက်လေ့ကျင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့၌ သဘာဝဘေးအရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး (လူ၊ပစ္စည်း၊ယန္တရား) စုဖွဲ့မှုဖြင့် သဘာဝဘေးဇာတ်တိုက်လေ့ကျင့်

 





မြဝတီ ၊  ဇူလိုင်  ၁၃

သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရေး၊ ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ သဘာဝဘေးအရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး (လူ၊ပစ္စည်း၊ယန္တရား)စုဖွဲ့မှုဖြင့် သဘာဝဘေးဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက် ဘောလုံးကွင်းနှင့် သောင်ရင်းမြစ်ကမ်းဘေးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဦးစွာ မြဝတီခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရသည့်ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းသည်။ ထို့နောက် နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များဖြစ်သည့် အမှတ်(၄၄)  ခြေမြန်တပ်မဌာနချုပ်မှ  တပ်မမှူး ဗိုလ်မှူးကြီးညီညီဦး၊  အမှတ်(၂၇၅) ခြေလျင်တပ်ရင်းမှူး  ဗိုလ်မှူးဇော်ဟံဦး၊ မြဝတီခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်၊ အဖွဲ့ဝင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမိုးကျော်ဟိန်း၊ မြဝတီမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြဝတီမြို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌ ဦးလှထွန်းနှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်များ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့ဝင်များက သဘာဝဘေးအရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိသည့် (လူ၊ပစ္စည်း၊ယန္တရား)စုဖွဲ့မှုအား ကြည်ရှုစစ်ဆေးသည်။

ဆက်လက်၍ သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်မှုအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားးမှုဦးစီးဌာနမှ ထုတ်ပြန်ပေးသော မြစ်ရေကြီးနိုင်မှုအခြေအနေအား သောင်ရင်းမြစ်အတွင်း စက်လှေဖြင့် သတိပေးချက်ထုတ်ပြန်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ ရေဘေးသင့်ပြည်သူများအား အရေးပေါ်ရှေးဦးသူနာပြုစုခြင်းနှင့် ဆေးရုံသို့ပို့ဆောင်ပေးခြင်း၊ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု၊ သစ်ပင်များပြိုလဲကျမှုကြောင့် ဒဏ်ရာရလူနာများအား ရှာဖွေကယ်ဆယ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့က မိမိတို့နှင့်သက်ဆိုင်သည့်ကဏ္ဍအလိုက် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။  

ဇာဖြူဝင်း(မြဝတီ)
https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)