နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ဝါးခယ်မမြို့နယ် ၂၀၂၄-၂၀၂၅ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော မိုးစပါးစိုက်တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ဝါးခယ်မမြို့နယ် ၂၀၂၄-၂၀၂၅ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော မိုးစပါးစိုက်တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားတက်ရောက်



ဝါးခယ်မ၊ ဇူလိုင် ၁၅

၂၀၂၄-၂၀၂၅ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော မိုးစပါးစိုက်တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ,ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် အူကျွန်းကျေးရွာရှိ တောင်သူဦးကျော်ရွှေ၏မိုးစပါး (ဆင်းသုခ) စိုက်ခင်း၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် မိုးစပါးစိုက်တောင်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က မိုးစပါးအရည်အသွေး ကောင်းမွန်စေရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေးအတွက် မျိုးကောင်းမျိုးသန့်များရွေးချယ်၍ နည်းစနစ်တကျ စိုက်ပျိုးသွားရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး မိုးစပါးစိုက်တောင်သူများကို သွင်းအားစုများပေးအပ်သည်။

ထို့နောက် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှဝန်ထမ်းများက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာဖြင့် သရုပ်ပြစိုက်ပျိုးခြင်းတို့ကို လက်တွေ့သရုပ် ပြသကြသည်။

ယနေ့ အခမ်းအနားတွင် အူကျွန်းကျေးရွာနှင့်အနီးပတ်ဝန်းကျင်ရှိ ကျေးရွာအုပ်စု (၃၀) မှ တောင်သူ (၄၀၇) ဦး၏ လယ်မြေဧက (၃၅၀၀) အတွက် သွင်းအားစုများဖြစ်သည့် ကောမတ် (Comet)၊ ကောမတ်ဗိုက်တာ (COMET VITA)၊ ဒိုလိုမိုက် (DOLOMITE) မြေဩဇာများပေးအပ်ခဲ့ကြောင်းနှင့် ဝါးခယ်မမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးသည့် တောင်သူ (၃၈၁၃၁) ဦး၊ လယ်မြေ (၂၁၃၂၁၆) ဧက အနက် သွင်းအားစုများထုတ်ယူအသုံးပြုသည့် တောင်သူ (၁၄၇၅) ဦး၊ လယ်မြေ (၁၂၅၀၀) ဧက ရှိကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)