တာမွေမြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ




တာမွေ     ၊  ဇူလိုင်     ၁၁

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ညပိုင်းအချိန်က မြို့နယ်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ် ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အတွင်းရှိ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မော်တော်ယာဉ်ဖြင့် လှည့်လည်၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ အသိပေးနှိုးဆော်ရာတွင် “ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အစားမစားမီနှင့် အိမ်သာမှ ထွက်သည့်အခါတိုင်း လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောရန်၊ အစားအစာပြင်ဆင်ချက်ပြုတ်ရောင်းချရာတွင် ကျန်းမာရေးနှင့်ညီညွတ်စွာ ရောင်းချရန်၊ သောက်သုံးရေများကို ကျိုချက်ပြီးမှ သောက်သုံးရန်၊ မိမိပတ်ဝန်းကျင်တွင် ဝမ်းပျက်/ဝမ်းလျှောရောဂါ လူနာများရှိပါက သုံးရေများကို ကလိုရင်းဆေးရည်ခတ်ပြီးမှ အသုံးပြုရန်၊ ယင်ပေါက်ဖွားမှု လျော့ပါးစေရန် အမှိုက်များကို စနစ်တကျ စွန့်ပစ်ရန်၊ ယင်လုံအိမ်သာများ အသုံးပြုရန်၊ ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွား ပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးသွားရောက်ပြီး ကုသမှုခံယူရန်၊ မိမိပတ်ဝန်းကျင်တွင် ရေစီးရေလာ ကောင်းမွန်ရေးနှင့် သန့်ရှင်းရေးကို တစ်နိုင်တစ်ပိုင်ဆောင်ရွက်ရန် ” စသည်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။


ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၄-ခုနှစ် ဇွန်လ(၂၃)ရက်နေ့မှ စတင်ကာ ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားမှုများ ဖြစ်‌ပေါ်ခဲ့ပြီး ယနေ့အထိ ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားသူ(၁၄)ဦးအထိ ရှိရာ ပြန်လည်ကောင်းမွန်လာသူ( ၉ )ဦးရှိ၍ လက်ရှိဆေးကုသမှုခံယူနေသူ( ၅ )ဦးရှိကြောင်းနှင့် မြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ဝမ်းပျက်/ ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီအနေဖြင့် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)