တာမွေမြို့နယ်၌ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်ချုပ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်၌ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်ချုပ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ




တာမွေ    ၊  ဇူလိုင်      ၃၁

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ထိန်ချုပ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြ သည်။

ထိုကဲ့သို့ ဆောင်ရွက်ရာတွင် တာမွေမြို့နယ် ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ လူနေအိမ်များ ၊ အခြေခံပညာ ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၏ ရေနှုတ်မြောင်းများနှင့် ယင်လုံအိမ်သာများအား ကလိုရင်းဆေးရည်များ လိုက်လံပက်ဖြန်းပေးခြင်း၊ ပြင်းထန်ဝမ်းပျက်/ ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင် များဖြန့်ဝေခြင်း၊ အသိပညာပေး ပိုစတာများ ကပ်ထားကြေညာခြင်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက် ခဲ့ကြသည်။ ထို့အတူ မြို့နယ်အတွင်းရှိ စျေးများနှင့် အစားအသောက်ရောင်းချသည့်ဆိုင်များ၌ ကျန်းမာရေးနှင့် ညီညွတ် စွာ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အစားအသောက်များအား ကျန်းမာရေးနှင့် ညီညွတ်စွာ ရောင်းချ ကြရန်၊ ပြင်းထန်ဝမ်းပျက်/ ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပညာ‌ပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြပြီး အများသုံးယင်လုံအိမ်သာများအတွင်း ကလိုရင်းဆေးရည်များ လိုက်လံပက်ဖြန်းပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၄-ခုနှစ် ဇွန်လ(၂၃)ရက်နေ့မှ စတင်ကာ ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားမှုများ ဖြစ်‌ပေါ်ခဲ့ပြီး ယနေ့အထိ ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားမှုများ ဆက်လက် ဖြစ်ပေါ်လျက်ရှိရာ မြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် မြို့နယ်ဝမ်းပျက်/ ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီအနေဖြင့် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် အသိပညာပေးခြင်းလုပ်ငန်း များကို စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)