ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၉)ကျောင်း ယာယီပိတ်ထားရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၉)ကျောင်း ယာယီပိတ်ထားရ




ညောင်ဦး၊ ဇူလိုင် ၁၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့၌ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း(၉)ကျောင်း ယာယီပိတ်ထားရကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။

ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်မှာ (၂၁၂၀) စင်တီမီတာဖြစ်ပြီး ယနေ့နေ့လယ် ၁၂ နာရီ တိုင်းထွာချက်အရ ၂၂၇၈ စင်တီမီတာသို့ ရောက်ရှိနေကာ ညောင်ဦးမြို့နယ်၏ စိုးရိမ်ရေမှတ်အထက် ၁၅၈ စင်တီမီတာ ကျော်လွန်ရောက်ရှိနေသေးကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ တာဝန်ခံ ဒေါ်ခင်လှနုထွေးထံက သိရသည်။

ထိုသို့ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်၍ မြင့်တက်လာမှုနှင့် ကျောင်းဝန်းအတွင်း၌ မြစ်ရေများ ဝင်ရောက်လာခြင်းကြောင့် ၂၀၂၄ ဇူလိုင် ၁၀ ရက်နေ့မှမှ စတင်၍ အုန္နဲကျောင်း (အမက)၊ လက်ထုပ်ကျွန်း(အ.မ.က)၊ ဗုဒ္ဓကုန်းကျွန်း(အ.မ.က)၊ ပခုက္ကူကျွန်း(အ.မ.က-မူလွန်)၊ ထောင့်ကြီး(အ.မ.က)၊ ရေလည်ကျွန်း(အ.မ.က)၊ တောင်ရွာနောင်(အ.မ.က)၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၊ သစ်ထောင့်မြောက်ရွာ(အ.မ.က)နှင့်တော်ဝင်ကိုယ်ပိုင်အထက်တန်းကျောင်းတို့အား ယနေ့အထိ ယာယီပိတ်ထားရကြောင်း သိရသည်။


ဒီပါလင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)