တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၄)သို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၄)သို့ တက်ရောက်





ထားဝယ်၊ ဇူလိုင် ၂၉

၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၄)ကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းဇယားပြုစုခြင်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာ ပြုစုထုတ်ပြန်ခြင်းစသည့် လုပ်ငန်းစဉ်(၄)ရပ်နှင့် ဆောင် ရွက်သွားမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးတွင် ရပ်ကွက်၊ ကျေးရွာတည်နေရာ Point ကောက်ယူခြင်း၊ မြို့ပြရပ်ကွက်များတွင်  Census Units ရေးဆွဲခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းအား Mobile Tablet များဖြင့် ကော့သောင်းမြို့နယ်ရှိ ဘုရင့်နောင်ရပ်ကွက်မှာ ကောက်ကွက် (၁)ကွက်၊ ပုလုံးတုံတုံးကျေးရွာမှာ ကောက်ကွက် (၂)ကွက်၊ စုစုပေါင်း ကောက်ကွက် (၃)ကွက်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်ထိ တစ်အိမ်တက်ဆင်း ရာနှုန်းပြည့် အောင်မြင်စွာ ကောက်ယူခဲ့ပြီးဖြစ်ကြောင်း၊ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းမှ ရရှိလာသည့် အားနည်းချက်၊ အားသာချက်များအပေါ် သုံးသပ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သန်းခေါင်စာရင်းမေးခွန်းပုံစံ ပြင်ဆင်အတည်ပြုခြင်း၊ စာရင်းကောက်ကွက် ဖွဲ့စည်းခြင်းနှင့် အဆောက်အအုံစာရင်းတင်ခြင်း၊ CAPI နည်းစနစ်များကို အသုံးပြု၍ ၂၀၂၄ ခုနှစ်မှာ ကောက်ယူမည့် ပင်မသန်းခေါင်စာရင်းအတွက် အသင့်ဖြစ်အောင် ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်သည့် Census Units ရေးဆွဲပြီး မြို့ပြ ရပ်ကွက်များတွင် အဆောက်အအုံစာရင်းတင်ခြင် လုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်မှ မတ်လကုန်အထိ ပြီးစီးအောင် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုဆက်လက်၍ စာရင်းစစ်၊ စာရင်းကောက်များ တာဝန်ပေးအပ်နိုင်ရေး၊ သန်းခေါင်စာရင်းအကြောင်း ပြည်သူလူထု ကျယ်ပြန့်စွာ သိရှိနိုင်ရေးအတွက်  သန်းခေါင်စာရင်း Billboard စိုက်ထူခြင်း၊ အသိပညာပေးရေးနှင့် လှုံ့ဆော်ရေးလုပ်ငန်းများအတွက် လက်ကမ်းစာစောင် ၊ ပိုစတာ၊  ဦးထုပ်၊ T-Shirt၊ Sport-Shirt များ ဖြန့်ဝေခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန် (၂) လခန့်သာကျန်ရှိသောကြောင့် ယခုကတည်းကစ၍ အစစအရာရာ အသေးစိတ် ကြိုတင်ပြင်ဆင်ထားရှိမှသာ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ချောမွေ့စွာဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ဒါ့ပြင် သန်းခေါင်စာရင်းကို နိုင်ငံတကာအကူအညီ မပါရှိဘဲ မိမိတို့အင်အာဖြင့်သာ ဆောင်ရွက်ရမှာဖြစ်သည့်အတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးသန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးသန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေးက ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးများနှင့် တက်ရောက်လာသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရသည်။


ကျော်ကျော်လတ် 

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)