စစ်တွေ၊ ဇူလိုင် ၁၅
ရခိုင်ပြည် စစ်ရေးကာလ၌ အခက်အခဲကြုံတွေ့နေကြသော ပြည်သူများအား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဥက္ကဋ္ဌ ဆရာမကြီး စောမြရာဇာလင်း၏ မွေးနေ့အလှူ ဇူလိုင်လ (၁၃)ရက်နေ့ မှစ၍ ဇူလိုင် (၁၅) ရက်အထိ ဆန်၊ ပဲ ၊ ငရုတ် စသည့် အခြေခံရိက္ခာတချို့နှင့်ငွေသားတချို့ကို စစ်တွေမြို့၌ လူမျိုးမရွေး၊ ဘာသာမရွေး လှူဒါန်းပေးလျှက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီသည် ငြိမ်းချမ်းရေးဆွေးနွေးနေသည့် အဖွဲ့အစည်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြဿနာများပေါ်ပေါက်လာချိန်တွင် ဒေသခံပြည်သူများ၏ အခက်အခဲကို တတ်စွမ်းသမျှ ကူညီဖြေရှင်းဆောင်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment