မွန်ပြည်နယ်အစိုးရမှထောက်ပံ့သည့် ဆန်နှင့်စားသောက်ကုန်များအား ဘီးလင်းမြို့နယ်ရှိရေဘေးသင့်အိမ်ထောင်စုများထံပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်အစိုးရမှထောက်ပံ့သည့် ဆန်နှင့်စားသောက်ကုန်များအား ဘီးလင်းမြို့နယ်ရှိရေဘေးသင့်အိမ်ထောင်စုများထံပေးအပ်





ဘီးလင်း၊ ဇူလိုင် ၂၇

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင်  မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၅ ရက်မှစတင်ကာ ဘီးလင်းမြစ်ရေမြင့်တက်လာသည့်အတွက် မြို့ပေါ်ရပ်ကွက် ၄ ခု နှင့် ကျေးရွာ ၆ ရွာတို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါရေဘေးဒဏ်ခံရသည့် ရပ်ကွက်၊ ​ကျေးရွာများမှ ပြည်သူများအား မွန်ပြည်နယ်၊ အစိုးရအဖွဲ့မှထောက်ပံ့ပေးအပ်သည့် ဆန်အိတ်(၁၀၀)နှင့် အလှူရှင်များမှ ထောက်ပံ့လှူဒါန်းသော ဆီ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥနှင့် ရေသန့်ကတ်များကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌဦးစည်သူအောင်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာရေဘေးကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူများထံ ယနေ့နံနက်ပိုင်းက ထောက်ပံပေးအပ်ခဲ့သည်။

ဘီးလင်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းအထိ ယာယီရေဘေးရှောင်စခန်း(၁၃)ခုဖွင့်လှစ်၍ အိမ်ထောင်စု(၉၁၁)စုမှ ကျား(၁၇၄၀)ဦး၊ မ(၁၈၈၆)ဦး စုစုပေါင်း(၃၆၂၆)ဦးတို့အား ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)