ကြံခင်း၊ ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကြီး ကြပ်လမ်းညွှန်မှုဖြင့် အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် ၇ နာရီက ကျောင်းသား၊ ကျောင်းသူများ မိုးရာသီတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးအန္တရာယ်ကင်းဝေစေရေး နှင့် ကျောင်းဝန်း ကျောင်းပြင် သန်ရှင်းသာယာလှပစေရေးရည်ရွယ်ပြီး ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ပေါင်းမြက်များ နှုတ်ခြင်း၊ မြက်ရိတ်စက်ဖြင့် ဖြတ်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနှုတ်မြောင်းများအား ရှင်းလင်း ခြင်းနှင့် စွန့်ပစ်အမှိုက်များအား ရှင်းလင်းခြင်းဆောင်ရွက်ကြသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်ခြင်းမှ ရရှိလာသော အမှိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်ကားဖြင့် သယ်ယူပြီး သတ်မှတ် နေရာများတွင် စနစ်တကျစွန့်ပစ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း
#MyanmarNationalPost
No comments:
Post a Comment