ကြံခင်း ၊ ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ ဝမ်းပျက် ဝမ်းလျှောရောဂါကြိုတင်ကာကွယ် ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ကြံခင်းဈေးကြီးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော် ဦးဆောင်၍ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူးနှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အမျိုး သမီးရေးရာအဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့များက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတိပေး နှိုးဆော်ချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရှင်းလင်းပြောကြားခြင်း၊ အစား အစာများကို စနစ်တကျရောင်းချစေခြင်း၊ ခြင် ယင်များမနားစေရန်နှင့် လတ်ဆတ်သော အစားအစာများ ကိုသာ စနစ်တကျရောင်းချကာ လက်အိတ်၊ နှာခေါင်းစည်းများကို တပ်ဆင်ပြီးမှ ရောင်းချရန် လိုက်လံစစ်ဆေး ဟောပြောခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများက အသုပ်ဆိုင်၊မုန့်ဟင်းခါးဆိုင်များအား တစ်ခါသုံး လက်အိတ်များ ဖြန့်ဝေ ပေးခဲ့ကြကြောင်းသိရသည်။
ဖြိုးဝေလင်း
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment