တနင်္သာရီတိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


ထားဝယ်၊ ဇူလိုင် ၅

တနင်္သာရီတိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်းမှာရှိသော အခွန်ကောက်ယူကိစ္စနှင့်ပတ်သက်ပြီး အပြည့်အဝရရှိရေးအတွက် ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ အခွန်ကောက်ခံနေမှုနှင့်ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီးအခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ ဖွဲ့စည်းပြီး မြို့နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ ဆက်လက်ဖွဲ့စည်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဓိကအနေဖြင့် အခွန်ကောက်ခံမှုတွင် အခွန်တိုးတက်ရရှိရေးအတွက် အခွန်ကိုနယ်ပယ်ချဲ့ထွင်၍ အပြည့်အဝရရှိရေးသည် အရေးကြီးကြောင်း၊ တိုင်းဒေသကြီးတွင်သုံးစွဲနေသော အခွန်အခနှင့်ပတ်သက်ပြီး ခွဲဝေသုံးစွဲနေရခြင်းဖြစ်ကြောင်း၊ အခွန်များစွာရရှိပါက အခွန်အခများသုံးစွဲရသကဲ့သို့ ဝန်ထမ်းများအတွက် အခွန်အခမှ လစာပေးရကြောင်း၊ လစာအား ပိုမိုတိုးမြှင့်ပေးနိုင်အောင် အခွန်ကောက်ခံရရှိမှုအပေါ်မူတည်ပြီး အချိုးအစားခွဲပြီး ပေးရသည့်အတွက် အပြည့်အဝရရှိရေးသည် အရေးကြီးကြောင်း၊ အခွန်အခတိုး၍ ကောက်ခံခြင်းမဟုတ်ကြောင်း၊ နယ်ပယ်ချဲ့ထွင်ပြီးကောက်ခံခြင်းဖြစ်ကြောင်း၊ အခွန်ထမ်းဆောင်သူများ၊ အခွန်ကောက်သူများအနေဖြင့် အပြည့်အဝကောက်ခံရန်လိုအပ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းပြီးညီညွတ်စွာဖြင့် တိုင်းဒေသကြီးအခွန်အပြည့်အဝရရှိရေး၊ အခွန်အား နယ်ပယ်ချဲ့ထွင်ပြီး ကောက်ခံရေး ကြိုးစားဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးအခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက အခွန်ကောက်ခံမှုနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး တွဲဖက်အတွင်းရေးမှူး တိုင်းဒေသကြီးအခွန်ဦးစီးမှူး ဦးကျော်သိန်းက အခွန်အကြောင်းသိကောင်းစရာများ၊ စည်းကြပ်နှစ်အလိုက် အခွန်ကောက်ခံရရှိမှုအခြေအနေများ၊ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အခွန်ကောက်ခံရရှိမှုအခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည်အခြေအနေများအား ရှင်းလင်းတင်ပြရာ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)