ရွှေတောင် မြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး (၄၇၃၁၅) ဧကစိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင် မြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး (၄၇၃၁၅) ဧကစိုက်ပျိုးပြီးစီး

  


ရွှေတောင်  ၊ ဇူလိုင် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်၌  ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စပါး (၅၈၁၆၃) ဧက လျာထားစိုက်ပျိုးရာ ယနေ့အထိ (၄၇၃၁၅) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ရွှေတောင် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအနေဖြင့် အထွက်နှုန်းတိုးတက်စေရေးအတွက် မျိုးကောင်းမျိုးသန့်စပါးများအသုံးပြု၍ မိုးစပါးများစိုက်ပျိုးရာတွင် ရတနာတိုး ( ၃၅၈၉)ဧက၊ အင်းမရဲဘော်( ၄၈၁၆) ဧက၊ မှော်ဘီ ( ၂) (၁၇၆၅၇) ဧက၊ ရဲဘော်လတ် ( ၁၇၉၈၃)ဧက၊ ရက် (၉၀)( ၁၄၇၄) ဧက၊ GW-11 ( ၁၅၉၁)ဧက၊ ဗီယက်နမ် ( ၂၀၅) ဧက စုစုပေါင်း မိုးသီးနှံစတင်စိုက်ပျိုးချိန်မှ ယနေ့အထိ မိုးစပါး (၄၇၃၁၅) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ရာ ရွှေတောင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ၂၀၂၄ -ခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သောစိုက်ပျိုးရေးဆိုင်ရာသွင်းအားစုပစ္စည်းများ၊ သီးနှံမျိုးစေ့များကူညီထောက်ပံ့ပေးခြင်း ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေး၊မွေးမြူရေးကြီးကြပ်မှုကော်မတီနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ စိုက်ပျိုးနည်းစနစ်သင်တန်းများဖွင့်လှစ်ပေးခြင်း၊ တောင်သူအသိပညာပေး​ဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)