လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ(အထူးဒေသ)အ‌ခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ(အထူးဒေသ)အ‌ခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ




လှိုင်းဘွဲ၊ ဇူလိုင် ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ (အထူးဒေသ) အခြေခံပညာအထက်တန်းကျောင်း၌ ၆-၇-၂၀၂၄ ရက်နေ့က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၊ မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၌ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ကျောင်းသား၊ ကျောင်းသူလူငယ်လေးများအား လူ့စွမ်းအားအရင်းအမြစ်တိုးတက်မြှင့်မားရေး၊ အသိပညာ၊ အတတ်ပညာ၊ နည်းပညာ၊ အသုံးချပညာများ၏ အရေးပါမှုအခန်းကဏ္ဍများ၊ ကျောင်းမုန့်ဈေးဆိုင်တန်းများ၌ ပြည်ပမှဝင်ရောက်နေသော မုန့်များ၏ ဘေးထွက်ဆိုးကျိုးအန္တရာယ်များနှင့် လူမှောင်ခို၊ လူကုန်ကူးမှုအန္တရာယ်များအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းရန်နောင်က ကျားမအခြေပြု အကြမ်းဖက်မှု(GBV) အကြောင်းသိမှတ်စရာများကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ငွေက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေ၊ မူးယစ်ဆေးဝါးများဆိုင်ရာ ဥပဒေ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီးနောက် မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးဌေးဝင်းနှင့် ရုံးအဖွဲ့မှူး ဦးလင်းခိုင်တို့က မူးယစ်ဆေးဝါးများ၏ ဆိုးကျိူးအန္တရာယ်များအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသပေးထားသော မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များနှင့် ပြစ်မှု၊ပြစ်ဒဏ်များ၊ လူမှောင်ခို၊ လူကုန်ကုန်ကူးမှုအန္တရာယ်များအတွက် ဆောင်ရန်၊ ရှောင်ရန်အကြောင်း သိမှတ်ဖွယ်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် ဓါတ်ပုံများကို ကျောင်းသား၊ ကျောင်းသူ‌လေးများက စိတ်ပါဝင်စားဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


စောဒိ 

Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)