ဧရာဝတီမြစ်ရေကျဆင်းချိန် မြန်အောင်တာမိုင် ၆/၃နှင့်၆/၄ အကြား ကမ်းပြိုမှုများဖြစ်ပေါ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီမြစ်ရေကျဆင်းချိန် မြန်အောင်တာမိုင် ၆/၃နှင့်၆/၄ အကြား ကမ်းပြိုမှုများဖြစ်ပေါ်


မြန်အောင်၊ ဇူလိုင် ၃၀

ဧရာဝတီမြစ်ရေကျဆင်းချိန် မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်၊ မြန်အောင် တာမိုင် ၆/၃ နှင့် ၆/၄ အကြား၌ ယမန်နေ့က အလျား ပေ ၁၀၀ ခန့် အနံ ၃ ပေခန့် ကမ်းပြိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧရာဝတီမြစ်ရေသည် မြန်အောင်မြို့၏စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနေပြီး မြန်အောင် တာမိုင် ၆/၃နှင့်၆/၄ အကြားတွင် မြေသားအက်ကြောင်းများဖြစ်ပေါ်ပြီး အလျား ပေ ၁၀၀ ကျော်ခန့်၊ အနံ ၃ ပေကျော်ခန့် ပြိုကျခဲ့ကြောင်းနှင့် အဆိုပါကမ်းပြိုမှုဖြစ်ပွားနေသော နေရာအနီးတွင် မြေသားအက်ကြောင်းများ ထပ်မံဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဧရာဝတီမြစ်ရေကျဆင်းလာချိန် ကမ်းပြိုမှုဖြစ်ပေါ်နေသော မကျီးစုရေကာတာအား ယခုနှစ်မိုးရာသီအတွင်း တာကျိုးတာပေါက်မှုဖြစ်ပေါ်မှုမရှိစေရန် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့်သက်ဆိုင်ရာဌာနများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများဖြင့် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ဝင်းဗိုလ်

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)