ကမာရွတ်မြို့နယ်၌ ​ရှေးဦးပြုစုခြင်း အ​ခြေခံသင်တန်းအမှတ်စဥ်(၁/၂၀၂၄)သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမာရွတ်မြို့နယ်၌ ​ရှေးဦးပြုစုခြင်း အ​ခြေခံသင်တန်းအမှတ်စဥ်(၁/၂၀၂၄)သင်တန်းဆင်းပွဲကျင်းပ





ရန်ကုန် ၊ ဇူလိုင် ၁၅


ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကမာရွတ်ခရိုင် ကြက်​ခြေနီကြီးကြပ်မှုကော်မတီနှင့် အ-ထ-က(၃)​ကမာရွတ်ကျောင်း ကြက်​ခြေနီအသင်းခွဲငယ်တို့မှ ပူး​ပေါင်းဖွင့်လှစ်သည့် ​ရှေးဦးပြုစုခြင်း(အ​ခြေခံ)သင်တန်း အမှတ်စဥ်(၁/၂၀၂၄)သင်တန်းဆင်းပွဲကို ယမန်နေ့ ည​နေ ၃ နာရီအချိန်က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ရန်ကုန်တိုင်း​ဒေသကြီး ကြက်​ခြေနီကြီးကြပ်မှု​ကော်မတီဥက္က​ဋ္ဌ ဒေါက်တာ​ဇော်​ဌေးက သင်တန်းဆင်းအဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးစိုးရန်နိုင်မှလည်း မုဒိတာစကား​ပြောကြားခဲ့သည်။


ဆက်လက်၍ သင်တန်းတွင် ထူးချွန်ဆုရရှိသူ ကျောင်းသား၊ ​ကျောင်းသူများကို တာဝန်ရှိသူများမှ ဆုများအသီသီးချီးမြှင့်​ပေးခြင်းနှင့် သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များကို​ ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ကြီးမှ ​ကျေးဇူးတင်စကား​ပြောကြားခဲ့ပါသည်။


အဆိုပါသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူများအား ကြက်​ခြေနီအ​ကြောင်းသိ​ကောင်းစရာ၊ ရှေးဦးပြုစုခြင်းဆိုင်ရာ အ​ခြေခံသ​ဘောတရားများ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ​ရှေးဦးပြုစုခြင်း၊ အပူ​လောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ အဆိပ်မိခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကြွက်သားနှင့် အရိုးဆစ်ဒဏ်ရာ၊ သတ္တဝါများကိုက်ခြင်း တုတ်ခြင်း၊ အခြေခံအသက်ကယ်အ​ထောက်ကူပြုနည်း၊ ကိုင်တွယ်ခြင်းနှင့် သယ်​ဆောင်နည်းများကို စာတွေ့လက်​တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းကို ဇူလိုင် ၁၂ ရက်​နေ့မှ ၁၄ ရက်​နေ့ထိ​နေ့စဥ်မနက် ၉ နာရီမှ ၄ နာရီခွဲအချိန်ထိ သင်ကြားပို့ချ​​ပေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)