ဒလမြို့နယ်၊ မှော်စက်ရပ်ကွက် အချင်းဖြစ်မြေယာပြဿနာနှင့် ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် က အရေးယူဆောင်ရွက်ပေးရန် မရှိဟု အကြောင်းပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒလမြို့နယ်၊ မှော်စက်ရပ်ကွက် အချင်းဖြစ်မြေယာပြဿနာနှင့် ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် က အရေးယူဆောင်ရွက်ပေးရန် မရှိဟု အကြောင်းပြန်


ရန်ကုန်၊ ဇူလိုင် ၃၁

ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်၊ ရာဇသင်္ကြန်လမ်း၊ အမှတ်(၂၂၉) အချင်းဖြစ်မြေယာပြဿနာနှင့် ပတ်သက်၍ နှစ်ပေါင်းများစွာ စက်မှုလုပ်ငန်းလုပ်ကိုင်ပြီး မြေယာပိုင်ဆိုင်မှုအထောက်အထားရရှိရန် အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း မြေယာပိုင်ဆိုင်မှု မရခဲ့ဘဲ အခြားမြို့နယ်မှ ဒေါ်ခင်ခင်စိုး ဆိုသူ အမျိုးသမီးအား မြေချပါမစ် ချထားပေးလိုက်ခြင်းအပေါ် ဦးရဲမင်းသူ၊ ဒေါ်ကြည်လဲ့လဲ့ဦး တို့က နိုင်ငံတော်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ထံ တင်ပြတိုင်ကြားထားသည်။

ထိုသို့ တင်ပြတိုင်ကြားထားသည့်အထဲမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်စွဲဖြင့် တိုင်ကြားစာအပေါ် ဆောင်ရွက်ထားရှိ ပြန်ကြားခြင်း အကြောင်းအရာဖြင့် စာကို ယမန်နေ့က လက်ခံရရှိခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ပြန်ကြားစာတွင် "တိုင်ကြားသူ တင်ပြလာသော ကိစ္စရပ်များသည် အဂတိလိုက်စားမှုကျူးလွန်ကြောင်း အရေးကြီးသက်သေခံချက် မပါရှိသဖြင့် အရေးယူဆောင်ရွက်ပေးရန် မရှိပါကြောင်း" ပြန်ကြားထားခြင်း ဖြစ်သည်။

အဆိုပါ ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်၊ ရာဇသင်္ကြန်လမ်း၊ အမှတ်(၂၂၉) အချင်းဖြစ်မြေယာပြဿနာနှင့် ပတ်သက်၍ ဤမြေပေါ်တွင် အစဉ်အဆက် စက်မှုလုပ်ငန်းလုပ်ကိုင်ပြီး နေထိုင်ခဲ့သူများက တရားဝင်ပိုင်ဆိုင်မှု အထောက်အထား ချထားပေးနိုင်ရန် အစိုးရအဆက်ဆက် တာဝန်ရှိသူများထံ အကြိမ်ကြိမ်တင်ပြခဲ့ပြီး ချထားပေးခြင်း မရှိသဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လ (၁)ရက်နေ့တွင် ထပ်မံတင်ပြခဲ့ကြောင်း၊ ဤမြေနေရာကို ဒေါ်ခင်ခင်စိုး အမည်ရှိ အမျိုးသမီးမှ ၂၀၂၁ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့တွင် လျှောက်ထားခဲ့ပြီး ၂၀၂၁ခုနှစ်၊ သြဂုတ်လ (၁၇) ရက်နေ့ (၂၄ရက်အတွင်း) မြေချပါမစ် ရရှိသွားကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်ထံ တင်ပြထာသည့်စာတွင် ထည့်သွင်း တင်ပြထားသည်ကို တွေ့ရသည်။


Join - https://t.me/MyanmarNationalPost




















No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)