လွိုင်ကော်မြို့ရှိ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းအတွက် ရုံးသုံးအထောက်အကူပစ္စည်းများနှင့် ဆရာ/ ဆရာမများအတွက် ကျောင်းဝတ်စုံ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်ကော်မြို့ရှိ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းအတွက် ရုံးသုံးအထောက်အကူပစ္စည်းများနှင့် ဆရာ/ ဆရာမများအတွက် ကျောင်းဝတ်စုံ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်


နေပြည်တော်၊ ဇူလိုင် ၃၀

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်ရှိ အမှတ် (၇) အခြေခံပညာအထက်တန်း ကျောင်းအတွက် ရုံးသုံးအထောက်အကူပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က အဆိုပါကျောင်းရှိ ဒွေးမယ်နော်အဆောင်၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့်အဖွဲ့ဝင်များ၊  ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းရုံးအတွက် အထောက်အကူပစ္စည်းများဖြစ်သည့် Computer ၁ လုံး၊ Colour Printer ၁ လုံး၊ တယ်လီဖုန်း ၁ လုံးနှင့် ဆရာ/ဆရာမများ အတွက် ကျောင်းဝတ်စုံနှင့်  စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများက အသီးသီး လက်ခံရယူကြသည်။

ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး ကျောင်းဈေးတန်းရှိ ဈေးဆိုင်ခန်းများ၌ ရောင်းချနေသည့် စားသောက်ဖွယ်ရာများ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရေးအတွက် လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)