ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ရွှေတောင်မြို့နယ် အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ရွှေတောင်မြို့နယ် အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်







ရွှေတောင်  ၊  ဇူလိုင် ၁၆

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေသည် ဆက်လက်မြင့်တက်လျက်ရှိရာ ရေဝင်အိမ်ထောင်စုများအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း  နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများလာရောက်၍  နေထိုင် စားသောက်မှု အခြေအနေများအားကြည့်ရှုအားပေးခဲ့ပြီးဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ယနေ့အထိရေဝင်ရောက်၍ ပြောင်းရွေ့နေထိုင်သည့်အိမ်ခြေ၊အိမ်ထောင်စု၊ လူဦးရေတို့အား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆန်( ၁၀)အိတ်၊  ဆီပိဿာ ( ၂၀)၊ဆား( ၅) ပိဿာ၊ပဲ( ၅) ပိဿာ၊ ခေါက်ဆွဲခြောက်ထုပ် ( ၄၅၀) ထုပ်၊ရေသန့်ဘူး (၄၅၀) ဘူး     နှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၂၁၃၇၈၀၀ိ/-)ကျပ်တို့အား ရေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ရေဝင်ရောက်သည့်ရပ်ကွက်အတွင်း ရေမြင့်တက်မှုအခြေအနေများအားကွင်းဆင်းကြည့်ရှုခဲ့သည်။

ရွှေတောင်မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များက ရွှေတောင်မြို့နယ်အတွင်းရှိ ( ယွန်းတန်းရပ်ကွက်၊ သရက်တောရပ်ကွက်၊ ကြာနီကန်ရပ်ကွက်၊ မင်းတဲကျွန်းအုပ်စု ၊သောင်ပြင်ကုန်းအုပ်စု၊ရွှေဟင်္သါအုပ်စု၊ ယင်းမူကုန်းအုပ်စု၊ဇီးကျွန်းအုပ်စု၊သရက်သုံးပင်အုပ်စု)များမှ ဧရာဝတီမြစ်ရေ ယနေ့ထပ်မံ ဝင်ရောက်သည့် အိမ်ခြေ ( ၁၆၇၄) ၊အိမ်ထောင်စု ( ၁၆၇၇)၊ လူဦးရေ ( ၆၁၄၆) ဦးတို့အား လူအသုံးအဆောင်ပစ္စည်းများ၊အဝတ်အထည်များ၊အိမ်ထောင်ပရိဘောဂပစ္စည်းများကို ဘေးလွတ်ရာ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ရွေ့ပြောင်းပေးခဲ့သည်။

      အဆိုပါ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရေဘေးရှောင်ပြည်သူများအား နီးစပ်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ရွေ့ပြောင်းနေထိုင်နိုင်သည့် ယွန်းတန်းရပ်ကွက်  အေးစေတီဘုရားဝန်းနှင့် ရွှေမျက်မှန်ဘုရားဝန်း၊သရက်တောရပ်ကွက် ရွှေကူကြီးဘုရားဝန်း၊ ကြာနီကန်ရပ်ကွက်၊ သာသနာ့ဗိမာန်ဓမ္မာရုံ၊မင်းတဲကျွန်းအုပ်စု ဆုတောင်းပြည့်ဘုရားဝန်း)နှင့် နီးစပ်ရာဆွေမျိုးများထံသို့ပြောင်းရွေ့နေထိုင်စေပြီး ရေဘေးသင့်အိမ်ထောင်စုများ၏ သောက်သုံးရေ ၊စားဝတ်နေရေးအဆင်ပြေရန်အတွက် ရွှေတောင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့    ဥက္ကဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ကူညီဆောင်ရွက်လျက်ရှိပြီး ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ယနေ့အထိရေဝင်ရောက်သည့် ဦးရေမှာအိမ်ခြေ ( ၂၀၆၄) ၊အိမ်ထောင်စု ( ၂၀၇၇)၊ လူဦးရေ ( ၇၅၆၅) ဦးရှိကြောင်း သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)