တောင်တွင်းကြီး ၊ ဇူလိုင် ၁၁
ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဗလငါးတန်နှင့်ပြည်စုံသည့် လူငယ်လူရွယ်ပေါ်ထွန်းလာစေရန်နှင့် အကျင့်စာရိတ္တကောင်းမွန်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့ဦးအခြေခံပညာမူလတန်းလွန်ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး၊ ထူးချွန်ထက်မြတ်သူများဖြစ်လာစေရန်၊ သိသင့်သိထိုက်သည့်အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာများကိုဖတ်ကြရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း၊ ကလေးအလုပ်သမားအကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ပြီး စားသုံးသူရေးရာမှ ဒေါ်ဌေးဌေးက အစားအသောက်များမှတစ်ဆင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါများအကြောင်းနှင့် အားကစားရေးရာဦးစီးဌာနမှ ဒေါ်ခင်မိုးဆွေက အားကစားနှင့်ပတ်သတ်သည့် အသိပညာများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်အဖြစ် အသိပညာပေးနံရံကပ်စာစောင်များဖြစ်သည့် မူးယစ်ဆေးဝါး အသိပညာပေးနံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များ၊ လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ရန်နောင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment