ညောင်ရွှေ ၊ ဇူလိုင် ၃
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာရှိ ရောင်ခြည်ဦးစာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ (၃) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနေမျိုးသူရိန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ စာကြည့်တိုက် ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စာကြည့်တိုက်ရှိ စာအုပ်စာစောင်များ ပျက်စီးလျော့နည်းမှုမရှိစေရေး၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်ကို အသုံးပြုနိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
နေမျိုးသူရိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment