ပေါင်မြို့နယ်၌ရေဘေးရှောင် ပြည်သူများနှင့်လေပြင်းတိုက်ခတ်မှုကြောင့်အမိုးလန်ပျက်စီးခဲ့သူများအားထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ရေဘေးရှောင် ပြည်သူများနှင့်လေပြင်းတိုက်ခတ်မှုကြောင့်အမိုးလန်ပျက်စီးခဲ့သူများအားထောက်ပံ့ပေးအပ်





ပေါင်၊ ဇူလိုင် ၃၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  ရေဘေးရှောင်ပြည်သူများနှင့် လေပြင်းတိုက်ခတ်မှုကြောင့်အမိုးလန်ပျက်စီးခဲ့သူများအား ထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင်လ (၂၉)ရက် ညနေ့( ၄း၃ဝ )နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို  ပေါင်မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဇွန်လ(၂၆) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းဘေးတိုက်ခတ်မှုကြောင့်အမိုးလန်ပျက်စီးခဲ့သော ကတွန်ကျေးရွာ၊ ဇင်းကျိုက်ရပ်ကွက်၊ ကျွဲခြံ‌ကျေးရွာ အုပ်စု ဘူတာရုံကျေးရွာတို့မှ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် လူနေအိမ် (၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၂၅၀,၀၀၀)၊ လူဦးရေ (၂၁)ယောက်အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေကျပ် (၄၄၁၀၀)၊ စုစုပေါင်း ( ၂၉၄၁၀၀) ကျပ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာတွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့ရသည့် အိမ်ထောင်စု(၉)စု၊ လူနေအိမ်(၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၉၀၀,၀၀၀)၊ လူဦးရေ (၃၀)ဦး အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ (၆၃၀၀၀)ကျပ်၊ စုစုပေါင်း (၉၆၃၀၀၀)ကျပ် ၊ စုစုပေါင်းချုပ် (၁၂၅၇၁၀၀)ကျပ် အား ဇူလိုင်လ(၂၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာမှ တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


မွန်မလေး 

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)