ရွှေကူမြို့နယ်၌ ရေဘေးသင့်အိမ်ထောင်စုများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရွှေကူမြို့နယ်၌ ရေဘေးသင့်အိမ်ထောင်စုများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

049

050


ရွှေကူ၊ ဇူလိုင် ၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ‌ရွှေကူမြို့နယ်အတွင်း ဇူလှိုင်လ ၁ ရက် နံနက်ပိုင်းမှစ၍ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး ယနေ့နံနက်ပိုင်းအထိ ဆက်လက်မြင့်တက်လျက်ရှိရာ ရွှေကူမြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သည့်ပူးပေါင်းအဖွဲ့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေကူမြို့နယ်အတွင်း အမှတ်(၁)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်တို့တွင် ရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရှိပြီး မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ပြောင်းရွေ့လာသော အိမ်ထောင်စုများအား စနစ်တကျစာရင်းကောက်ခံ၍ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် တပ်မတော်ဆေးတပ်ဖွဲ့မှ ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  

ရွှေကူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေသည်(၁၀၁၉)စင်တီမီတာ စိုးရိမ်ရေအမှတ်အထက် (၇၉)စင်တီမီတာသို့ရောက်ရှိနေပြီး ယနေ့နံနက်(၁၀) နာရီအချိန်နှင့် (၁၁) နာရီအချိန် တိုင်းတာချက်များအရ တစ်နာရီအတွင်း(၁)စင်တီမီတာသာ မြင့်တက်နေပြီး  မြစ်ရေမြင့်တက်မှုအရှိန် တဖြေးဖြေးနှေးလာပြီဖြစ်ကြောင်းနှင့် ညနေပိုင်းအချိန်၌ မြင့်တက်မှုရပ်တံ့နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။  


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Pages