ရေနံချောင်းမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါကင်းဝေးစေရေး ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေနံချောင်းမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါကင်းဝေးစေရေး ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်

 




ရေနံချောင်း  ၊ ဇူလိုင် ၂၉


မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရေး ပိုးလောက်လန်းနှင့် ခြင်ပေါက်ဖွားမှုမရှိစေရန် ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့မမြောက်ရပ်ကွက်နှင့် မြို့မတောင်ရပ်ကွက်တို့တွင် ကွင်းဆင်းဆောင်ရွက်သည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်တို့ပူးပေါင်းကာ မြို့မမြောက်ရပ်ကွက်နှင့် မြို့မတောင်ရပ်ကွက်အတွင်း လူနေအိမ်များရှိ ရေကန်များ၊ အများသုံးရေကန်များနှင့် အ.ထ.က (သပြေ) ကျောင်းတို့တွင် ပိုးလောက်လန်းနှင့် ခြင်ပေါက်ဖွားမှု မရှိစေရေး အဘိတ်ဆေးခတ်ခြင်း များကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)