မှော်ဘီမြို့နယ်ဝါးနက်ချောင်းစံပြကျေးရွာအခြေခံ ပညာအထက်တန်းကျောင်း၌စုပေါင်း သန့်ရှင်းရေးလုပ်ငန်း များဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ်ဝါးနက်ချောင်းစံပြကျေးရွာအခြေခံ ပညာအထက်တန်းကျောင်း၌စုပေါင်း သန့်ရှင်းရေးလုပ်ငန်း များဆောင်ရွက်

 




မှော်ဘီ  ၊     ဇူလိုင်      ၂၇


ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊မှော်ဘီမြို့နယ်၌ခြင်မှတစ်ဆင့်ကူးစက်ရောဂါများမှ ကာကွယ် နိုင်စေရန်နှင့်သန့်ရှင်းသာယာလှပစေရန်ရည်ရွယ်၍စုပေါင်းသန့်ရှင်းရေးကိုယမန်နေ့နံနက်(၇)နာရီတွင် 

ဝါးနက်ချောင်းစံပြကျေးရွာအခြေခံပညာအထက် တန်းကျောင်းဝန်း၌ဆောင်ရွက်သည်။


ဆောင်ရွက်ရာတွင်မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ခေတ္တ)ဥက္ကဌအဖွဲ့ဝင်(၁)ဗိုလ်မှူးပြည့်စုံကျော်၊မှော်ဘီမြို့နယ်(ခေတ္တ)အုပ်ချုပ်ရေးမှူးဦးမျိုးဝင်း၊ အဖွဲ့ဝင်(၂)ဦးဝင်းစိုး၊မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိဦးခင်ဦးနှင့်ဝန်ထမ်းများ၊မှော်ဘီမြို့နယ်မြို့နယ်မီးသတ်ဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင် များ၊တပ်မတော်အရာရှိစစ်သည်များ၊ဆရာ/ဆရာမများ၊လူမှုရေးအသင်းအဖွဲ့များ၊ဌာနဆိုင်ရာအဆင့် တာဝန်ရှိသူများ၊ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့များကအမှိုက်လှည်းခြင်း၊မြက်များနုတ်ခြင်း၊သစ်ပင်ချုံနွယ်များ၊ရေမြောင်းများအတွင်းရှိအမှိုက်သရိုက်များအားရှင်းလင်းဆောင်ရွက်ခဲ့ကြောင်းသိရ သည်။


မှော်ဘီမြို့နယ်၌စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခြင်းများကိုအပတ်စဉ်ဆောင်ရွက်လျက်ရှိပြီးကျန်ရှိနေသောရပ်ကွက်များရှိစာသင်ကျောင်းများ၊ဆေးရုံများနှင့်ဘုရားစေတီပုထိုးများတွင်လည်းဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)