ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေပြန်လည်ကျဆင်း၍ ခေတ္တယာယီ ပြောင်းရွေ့စျေးသည်များ မြို့မစည်ပင်သာယာစျေးသို့ပြန်လည်ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေပြန်လည်ကျဆင်း၍ ခေတ္တယာယီ ပြောင်းရွေ့စျေးသည်များ မြို့မစည်ပင်သာယာစျေးသို့ပြန်လည်ရောင်းချ

 



ရွှေတောင် ၊ ဇူလိုင် ၂၆

     ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရွှေတောင်မြို့မစျေးအတွင်း ရေဝင်ရောက်ရှိ၍ ခေတ္တယာယီ စျေးရွေ့ထားရှိခဲ့ပြီး ခေတ္တယာယီ ပြောင်းရွေ့စျေးသည်များ မြို့မစည်ပင်သာယာစျေးသို့ မူလနေရာများတွင် ပြန်လည်ရောင်းချလျက်ရှိသည်။

       ရွှေတောင်မြို့နယ် ၊ ကြာနီကန်ရပ်ကွက်၊ ကူကြီးလမ်းသို့ ခေတ္တယာယီ ပြောင်းရွေ့ရောင်းချလျက်ရှိသည့် ဟင်းသီးဟင်းရွက်ဆိုင်များ၊ကုန်စုံဆိုင်များ၊ အသား/ ငါးဆိုင်များ၊ ပန်းဆိုင်များစသည့် စျေးဆိုင်ပေါင်း ( ၂၅၀) ဆိုင်အား ဧရာဝတီမြစ်ရေပြန်လည်ကျဆင်းခဲ့သဖြင့် ၄င်းတို့၏မူလရောင်းချခဲ့သည့် ယွန်းတန်းရပ်ကွက်၊ မြို့မစည်ပင်သာယာစျေး စျေးသည်များ၏မူလနေရာများတွင် ပြန်လည်ရောင်းချလျက်ရှိကြောင်းသိရသည်။

       အဆိုပါ ပြန်လည်ရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဟံဝင်းအောင်၏ကြီးကြပ်မှုဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့  အမှုဆောင်အရာရှိ ဦးခင်ဇော်နှင့် ဝန်ထမ်းများက စနစ်တကျ ပြောင်းရွေ့နိုင်ရေး စီစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)