မြို့ဖျက် တိုက်ပွဲတွေ အဆုံးသတ်သင့်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့ဖျက် တိုက်ပွဲတွေ အဆုံးသတ်သင့်ပြီ




ယနေ့ဖြစ်ပေါ်နေတဲ့ အခင်းအကျင်းကို ပြောမယ်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့တဲ့ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေ စုစည်းထားတဲ့ NLD ပါတီရဲ့ ဆိုးရွားတဲ့ လုပ်ရပ်တွေကို ချန်လှပ်ထားလို့ မရပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီက မဲလိမ်မဲခိုးမှုတွေ အလွန်အမင်း ကျူးလွန်ခဲ့တာနဲ့ ပတ်သက်လို့ အတိုက်အခံ နိုင်ငံရေးပါတီများက ဖြေရှင်းဖို့တောင်းဆိုပါတယ်။ တပ်မတော်ကလည်း အကြိမ်ကြိမ်တိုက်တွန်းခဲ့ပါတယ်။ NLD အစိုးရက လက်မခံသလို UEC ကလည်း ဗြောင်လိမ်ဗြောင်စား လုပ်ခဲ့ပါတယ်။ မဲလိမ်မဲခိုးမှုတွေနဲ့ ပတ်သက်လို့ ဘယ်လိုမှ တိုက်တွန်းတောင်းဆိုလို့ မရတဲ့အပြင် တတိယအကြိမ်လွှတ်တော်ခေါ်ပြီး အာဏာသက်စိုးရှည်ဖို့ လုပ်ဆောင်သည်အထိ အပူတပြင်း လုပ်ဆောင်လာခဲ့ပါတယ်။ လွှတ်တော်ခေါ်မယ့်အချိန်ကို ရောက်လာပြီ။ NLD အာဏာသက်တမ်းကုန်ပြီဆိုတော့မှ တပ်မတော်က ထိန်းသိမ်းပြီး အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူခဲ့ရခြင်းဖြစ်ပါတယ်။

ဗြောင်လိမ်ဗြောင်စား လုပ်ခဲ့တဲ့ NLD ပါတီဟာ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူလိုက်ပြန်တော့လည်း ဥပဒေလမ်းကြောင်းအတိုင်း လျှောက်လှမ်းဖို့ ဦးတည်းတာမျိုးမဟုတ်ဘဲ ဆူပူအကြမ်းဖက်နည်းလမ်းနဲ့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ရယူဖို့ ထပ်မံကြိုးစားလာပြန်ပါတယ်။ ဒီနေရာမှာ တပ်မတော်ရဲ့ ဆောင်ရွက်ချက်ကို ပြန်ကြည့်ရင် NLD ထိပ်ပိုင်းခေါင်းဆောင်တချို့ကိုသာ ထိန်းသိမ်းခဲ့ပြီး NLD လွှတ်တော်အမတ်တွေကို ပြန်လွှတ်ပေးခဲ့ခြင်းဟာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာစေဖို့ CRPH, NUG ဆိုတာတွေ ပေါ်ပေါက်လာစေဖို့ လမ်းဖွင့်ပေးခဲ့တာလား ဆိုတာပါပဲ။ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တချို့မှာလည်း NLD နဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်နေသူတွေ ရှိနိုင်ပါတယ်။ ဥပမာအားဖြင့် NLD အစိုးရလက်ထက်မှာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့တဲ့ ဦးစိုးထွဋ်ဟာဆိုရင် နစကအစိုးရ ၂နှစ်သက်တမ်းကျော်သည်အထိ ပိုနေမြဲ ကျားနေမြဲ ပါလာခဲ့ပါတယ်။ 

NLD အစိုးရလက်လက်ထက် ဦးဝင်းမြင့်၊ ဒေါ်စုအပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များရဲ့ အဂတိလိုက်စားမှုများကို စိစစ်စဉ်က ဦးစိုးထွဋ်ကို ဘာကြောင့်ချန်လှပ်ခဲ့တာလဲ။ ကိုယ့်လူဆိုပြီး ယုံကြည်လိုက်တဲ့ သဘောဖြစ်ပါလိမ့်မယ်။ နစကအစိုးရ ၂နှစ်သက်တမ်းကျော်မှ စိစစ်အရေးယူတဲ့အခါမှာလည်း အဂတိနဲ့ပဲ အရေးယူခဲ့ရတာ ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနကို ဦးစိုးထွဋ် ဦးဆောင်နေချိန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေဟာ အကြမ်းဖက်အားပေး သိသိသာသာ လုပ်ဆောင်နေခဲ့ပါတယ်။ နီပိန်းတွေရဲ့ ဆူပူအကြမ်းဖက်လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ သတင်းပေးတိုင်ကြားသူကို သေကြောင်းကြံခဲ့တာမျိုးတွေ ရှိတယ်။ နှုတ်ပိတ်ခဲ့တာမျိုးတွေ ရှိတယ်။ လူသတ်မှုကဲ့သို့သော နီပိန်းတွေရဲ့ ရက်စက်ယုတ်မာမှုတွေနဲ့ ပတ်သက်လို့ မဖြစ်မနေ ဖမ်းဆီးရတဲ့ အမှုမျိုးတွေကိုတောင် ငွေကြေးရယူပြီး လွှတ်ပေးသည်အထိ အောက်တန်းကျတဲ့ လုပ်ရပ်တွေ လုပ်ဆောင်ခဲ့ကြပါတယ်။ တိုင်ကြားမှုနဲ့ ပတ်သက်လို့ ထူးထူးခြားခြား ဆောင်ရွက်ပေးတာမျိုး မရှိပါဘူး။ ထူးခြားတာကတော့ တိုင်ကြားခြင်းခံရတဲ့ ရဲအရာရှိတချို့ကို ရာထူးတိုးပေးခဲ့ပါတယ်။ သဘောကတော့ အကြမ်းဖက်အားပေးလုပ်ကြလို့ ပါးစပ်က ထုတ်မပြောတာပဲ ရှိပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သဘောတရားကို သိလာတဲ့ နီပိန်းတွေက ပိုပြီး ရက်စက်ယုတ်မာမှုတွေ ကျူးလွန်လာကြတယ်။ အဖမ်းခံခဲ့ရရင်လည်း ငွေပေးလိုက်ရုံနဲ့ ပြီးတယ်ဆိုတာ သိလာကြတယ်။ ရက်စက်ယုတ်မာမှုတွေကို ပိုပြီး လက်ရဲဇာတ်ရဲ လုပ်လာကြပါတယ်။ ငွေမပေးနိုင်တဲ့နီပိန်းတချို့ ဥပဒေအရ အရေးယူခြင်းခံရတာ ရှိပေမယ့် နီပိန်း လူလည်အများစုကတော့ လူသတ်မှုကို ပြစ်မှုမျိုးကိုတောင် ငွေပေးပြီး လွတ်မြောက်ခဲ့ပါတယ်။ ဒါတွေကို နိဒါန်းချီပြီး ပြောရခြင်းက နီပိန်းတွေ ရက်စက်ယုတ်မာ ရိုင်းစိုင်းတယ်ဆိုတာ အကြောင်းမဲ့တော့ မဟုတ်ဘူး။ အခွင့်သာလို့ အခွင့်အရေးရအောင် ဖန်တီးပေးခဲ့လို့ ဖြစ်ပါတယ်။

နှိုင်းယှဉ်ကြည့်လို့ရပါတယ်။ မရှေးမနှောင်းမှာပဲ မဲလိမ်မဲခိုးမှုတွေကို ဆန္ဒပြခဲ့တဲ့ ပြည်သူတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အတင်းအဓမ္မရှင်းလင်းခဲ့တာတွေ ရှိပါတယ်။ သို့သော် နီပိန်းတွေက လမ်းတွေ ပိတ်စို့ပြီး ဆန္ဒပြမှုတွေ လုပ်လာတဲ့အခါမှာတော့ လက်ဖျားနဲ့တောင် မထိဘဲ ကာကွယ်ပေးခဲ့တဲ့ ပုံရိပ်တွေ မြင်တွေ့ခဲ့ရပါတယ်။

အဲဒီလိုနဲ့ နီပိန်းတွေရဲ့ ဆူပူဆန္ဒပြမှုမှသည် ငါနဲ့မတူ ငါ့ရန်သူ ဖမ်းဆီးနှိပ်စက်တာတွေ၊ မဖွယ်မရာ ပြုလုပ်တာတွေ လုပ်လာသည်အထိလည်း ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးပေးတာရယ်လို့မှ မရှိခဲ့ဘဲ။ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေက အဲဒီလို လုပ်နေမှတော့ နီပိန်းတွေ က အခွင့်သာရင် သာသလို အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေအပေါ် ရက်စက်ယုတ်မာရိုင်းစိုင်းတာ ဘာပြောလို့ ရတော့မှာလဲ။ သံကို သံဖျက် သံချေးတက် ဆိုသလို (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဖျက် ရဲတပ်ဖွဲ့ကြီး အကျင့်ပျက်) လို့ ပြောရမှာ ဖြစ်ပါတယ်။

နီပိန်းတွေက ဆူပူဆန္ဒပြရာကနေ ဒေါသူပုန်ထလာပြီဖြစ်တဲ့အတွက် KIA, KNU အကြမ်းဖက်အဖွဲ့များထံမှာ အကြမ်းဖက်သင်တန်း သွားတက်ပြီး ပြန်လာတဲ့အခါကြတော့ လက်နက်လည်း ပါလာပြီဖြစ်တဲ့အတွက် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ပစ်မှတ်ထားတာမျိုး မဟုတ်တော့ဘဲ အုပ်ချုပ်ရေးမှူးတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ လုပ်ရပ်တွေ လုပ်လာတယ်။ ရဲတပ်ဖွဲ့ဝင်တွေ နီပိန်း အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ သေခဲ့ရတာ နည်းမှ မနည်းပဲ။

ကျွန်တော်တို့ တိုင်းပြည်မှာ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက နိုင်ငံရေးပြဿနာတွေကို ပြောတဲ့အခါ လူနဲ့ မူဆိုပြီး ပြောတတ်ကြတယ်။ လူသာအဓိက လို့ ပြောကြသူတွေ ရှိသလို မူကောင်းဖို့ ဦးတည်ပြောဆိုသူတွေလည်း ရှိပါတယ်။ တကယ်တော့ မူကို လူက ဖန်တီးခြင်း ဖြစ်ပါတယ်။ ချမှတ်ထားတဲ့ မူဝါဒနဲ့အညီ တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိတဲ့သူကလည်း အလေးထားမှသာ ဒီယန္တရားကြီးက မှန်မှန်ကန်ကန် လည်ပတ်နေမှာ ဖြစ်ပါတယ်။ အခုတော့ တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူတွေကိုယ်တိုင်က နီပိန်းတွေကို လျှော့တွက်တယ်၊ နီပိန်းတွေကို မသိမသာ အားပေးအားမြှောက်လုပ်ခဲ့ကြတယ်။ ရလာဒ်ကတော့ အကြမ်းဖက်လှုပ်ရှားမှုက အရှိန်အဟုန်ကောင်းလာတယ်။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ထောင်ပေါင်းများစွာ သေဆုံးခဲ့ရတယ်။

အခုဆိုရင် နီပိန်းပဒက် အကြမ်းဖက်သမားတွေဟာ အတော်လေး အင်အားကောင်းလာပြီ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲက လူငယ်လူရွယ်များမှာ သဘောဆန္ဒ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သူတို့ဒေသမှာ နီပိန်းပဒက်တွေ အင်အားကောင်းလာတာနဲ့အမျှ အဓမ္မစည်းရုံးသိမ်းသွင်းခြင်းခံရတယ်။ အကြမ်းဖက်သင်တန်းတက်ပြီး အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်နေကြရတယ်။ အစောပိုင်းတုန်းကတော့ KIA, KNU ရဲ့ လက်အောက်မှာပဲ အမှုတော်ထမ်းပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ရာကနေ နောက်တော့ KIA, KNU သာ မကတော့ဘဲ KNPP, KNDF, KNLA, CNF, CDF, PNLO တို့နဲ့ ပူးပေါင်းပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်လာကြတယ်။ နောက်ဆုံးမှာတော့ မြောက်ပိုင်းမဟာမိတ် လို့ အမည်ခံထားတဲ့ MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့တွေထံမှာပါ နီပိန်း ပဒက်တွေက အသေခံစစ်သားများအဖြစ် အမှုတော်ထမ်းနေလေရဲ့။ နီပိန်းတွေရဲ့ သဘောကတော့ တိုင်းဖျက် ပြည်ဆူ ဘယ်အဖွဲ့ကပဲ လုပ်လုပ် ပူးပေါင်းမယ်ဆိုတဲ့ သဘောမျိုး မြင်တွေ့လာရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နီပိန်းပဒက်တွေဘက်က အတွေးတိမ်တာတစ်ခုကတော့ သူတို့က မြို့တစ်မြို့ကို ဝင်တိုက်၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆုတ်ခွါပေးလိုက်ရင် သူတို့နိုင်ပြီ၊ မြို့သိမ်းလိုက်နိုင်ပြီလို့ ဂုဏ်ဆာကြတော့တာပဲ။ လာရှင်းလိမ့်မယ်ဆိုတာမျိုးကို ထည့်မတွေးတဲ့သဘောပဲ။ မြို့တွေ ပျက်စီးခဲ့ရတဲ့ အထဲမှာ ချင်းပြည်နယ် ထန်တလန်မြို့က အစောဆုံးလို့ ပြောနိုင်ပါတယ်။ ချင်း ပဒက်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲတွေ ပြင်းထန်ပြီး မြို့ပျက်လုနီးပါး ဖြစ်ခဲ့ရပါတယ်။ နောက်တော့ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ထဲမှာ နီပိန်း ပဒက်များက NUG ရုံးဆိုပြီး ဖွင့်ပါတယ်။ သတင်းထွက်လာပြီး နောက်နေ့ လေကြောင်းကနေ ရှင်းလိုက်တဲ့အခါကြတော့ ငိုပွဲဆင်ရပါလေရော။ အဲဒီလို ဘာကြောင့်ဖြစ်ရတာလဲ မျက်တောင်မွှေး တစ်ထောက်စာသာ ကြည့်ပြီး မျက်စိတစ်ဆုံး မကြည့်ဘဲ ဆင်ခြင်တုံတရားကင်းမဲ့စွာ လုပ်ခြင်းကြောင့် ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဆက်ပြီးတော့ KIA/PDF က ကောလင်းမြို့သိမ်းတိုက်ပွဲဆိုပြီး လုပ်လာတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဆုတ်ခွါခဲ့ရတယ်။ ပြည်ပြေး ဝရမ်းပြေးတွေက ဂုဏ်ဆာပြီး ကောလင်းမှာ နွေဦးဘဏ်တောင် ဖွင့်လိုက်ပါသေးတယ်။ ဒေသခံပြည်သူတွေ အတိဒုက္ခရောက်တယ်။ တစ်လတောင် မကြာပါဘူး၊ တပ်မတော်က ပြန်ရှင်းတဲ့အခါကြတော့ ကောလင်းမြို့မှာ KIA/PDF တွေ ခွေးသေ သေရပြန်တာပဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ညှာတာ စာနာထောက်ထားတာမျိုး ရှိကောင်းရှိလိမ့်မယ်။ CRPH, NUG, PDF ဆိုတာက ဖြစ်တည်လာပါပြီ ဆိုကတည်းက အကြမ်းဖက်အဖွဲ့များအဖြစ် တရားဝင် ကြေညာထားပြီးသားဖြစ်တဲ့အတွက် NUG, CRPH, PDF ဆိုတာနဲ့ အမှုန့်ကြိတ်ရမှာက သမိုင်းပေးတာဝန် ဖြစ်နေတယ်။ ဒါကို ပဒက်တွေက နားမလည်ဘူး။ ဒါကို သိတဲ့ နိုင်ငံရေးစားဖားကြီးတွေက အစောကြီးကတည်းက ပြည်ပထွက်ပြေးနေကြပြီ။ လူ့ငနွား နီပိန်းတွေ ကို သွေးထိုးလှုံ့ဆော်ပြီး ခိုင်းလို့ ရနေသမျှ သူတို့အတွက် အမြတ်ပေါ့။ လူ့ငနွား နီပိန်းတွေကလည်း ပျော်ပျော်ကြီး သေပွဲဝင်နေကြတော့ ပြည်ပြေး ဝရမ်းပြေး ဂုဏ်ဆာလို့ကောင်းသည်ပဲ။

အခုနောက်ပိုင်းတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပဒက်တွေ က မြို့သိမ်းတိုက်ပွဲတွေကို မဆင်နွှဲတော့ဘဲ စခန်းသိမ်း တိုက်ပွဲတွေ လုပ်ဆောင်လာပါတယ်။ ပြည်ဖျက်မီဒိယာတွေမှာ စခန်းသိမ်းတိုက်ပွဲတွေ ဝေဝေဆာဆာ ဖော်ပြနေတာကိုလည်း မြင်တွေ့ကြမှာ ဖြစ်ပါတယ်။ စခန်းတွေ သိမ်းတယ်၊ လက်နက်ခဲယမ်းတွေ ရတယ်။ ဓာတ်ပုံတွေ ဝေဝေဆာဆာနဲ့ပေါ့။ အဲဒီစခန်းတွေမှာ ဘယ်နှရက် တပ်စွဲပြီး နေနိုင်မလဲ။ ဘယ်လောက်ကြာကြာ တပ်စွဲပြီး နေနိုင်မလဲ။ နောက်ဆက်တွဲကိစ္စတွေအတွက် သူတို့မှာ အဖြေမရှိပါဘူး။ ခဏတာ ဂုဏ်ဆာလို့ ရရင်ပဲ သူတို့အတွက် ဟုတ်နေပါပြီ။ 

ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာ MNDAA, TNLA, AA တို့က တိုက်ခိုက်လာတဲ့ ပုံစံကတော့ NUG ရဲ့ မဟာမိတ် KNU, KIA တို့ တိုက်ခိုက်မှု ပုံစံနဲ့ အနည်းငယ် ကွဲလွဲပါတယ်။ ပြည်ဖျက်မိစ္ဆာများ ဖြစ်တဲ့အတွက် မဟာမိတ်လို သဘောမျိုးတော့ ရှိပါတယ်။ ဒီတိုက်ပွဲတွေမှာလည်း နီပိန်း ပဒက်တွေကို အသေခံစစ်သားအဖြစ် အသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။ မြဝတီမြို့အနီးက တပ်စခန်းတွေကို စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့စဉ်ကလည်း နီပိန်း ပဒက်တွေပဲ ဘိန်းစားပြီး အသေခံတိုက်ခိုင်းခဲ့တာ ဖြစ်ပါတယ်။ နောက်ကွယ်က ကြိုးကိုင်သူတွေကတော့ KNU, KNLA, KKO တို့ပေါ့။ သူတို့ တပ်ဖွဲ့ဝင်တွေကို အသေခံတိုက်မခိုင်းဘူးလေ။ နီပိန်း ပဒက် လူ့ငနွားတွေကို အသုံးချလို့ရနေတဲ့ အချိန်၊ နီပိန်း ပဒက်တွေရဲ့ အသက်တွေက ဈေးပေါတယ်။ နီပိန်း ပဒက် မသာအလောင်းတွေဆို ပြန်ပြီးတော့တောင် အလောင်းမကောက်ဘူး။ လမ်းဘေးမှာ ပုပ်ပွပြီး ကျီးထိုးထိုး ခွေးစားစား ဒီအတိုင်း ထားခဲ့တာပါ။

၁၀၂၇ စစ်ဆင်ရေး ပထမအကျော့ ကျောက်မဲမြို့အနီး တိုက်ပွဲတွေမှာ အကြမ်းဖက်သမားတွေ အတုံးအရုံး သေတယ်။ လိုက်ကောက်ပြီး ရှင်းလင်းဖို့ မလွယ်တဲ့ အခြေအနေမျိုးကြောင့် အလောင်း ၇၀ကျောက်လောက် ဂျောက်ထဲ ချခဲ့တာ ပုပ်ပွနန်စော်လာတာက အနီးအပါးက ရပ်ကွက်တွေမှာ မခံမရပ်နိုင်လို့ တာဝန်ရှိသူတွေက ရှင်းလင်းပေးခဲ့ရတယ်။ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလှုံ့ဆော်သူတွေ၊ တိုင်းရင်းသား လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့များရဲ့ ခေါင်းဆောင်တွေက ဘယ်မြို့၊ ဘယ်ရွာမှ မရနိုင်ဘူးဆိုတာ သိပါတယ်။ သို့ပေသော် သိပ်ကို ဈေးပေါတဲ့ လူ့ငနွား နီပိန်း ပဒက်တွေကို အသေခံခိုင်းလို့ ရနေတဲ့ ကာလဖြစ်သောကြောင့် နာရီပိုင်းလောက် ဖြစ်ဖြစ်၊ မိနစ်ပိုင်းလောက်ဖြစ်ဖြစ် ဂုဏ်ဆာလို့ ရနိုင်သမျှ ဂုဏ်ဆာနိုင်ဖို့ မြို့သိမ်းတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲတွေ တိုက်နေကြတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

လူ့ငနွား နီပိန်း ပဒက်တွေကို အတွေးလေး ရစေချင်တာတော့ ရှိတယ်။ မင်းတို့တွေ အားပေးထောက်ခံတဲ့ NLD လက်ထက်မှာ ပြဿနာတွေ ပေါ်ပေါက်ခဲ့တာ ရှိတယ်။ ပြဿနာပေါ်ပေါက်လာတဲ့အခါ အာဏာယူထားသူတွေက အာဏာစွန့်ပြီး ထွက်ခွါသွားသလား။ ပေါ်ပေါက်လာတဲ့ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားသလား။ ဖြေရှင်းတဲ့ နေရာမှာတော့ မှန်ကန်တဲ့နည်းနဲ့ ဖြေရှင်းတာ၊ အာဏာအလွဲသုံးစားလုပ်ပြီး ဖြေရှင်းတာ နှစ်မျိုး ရှိနိုင်ပါတယ်။ ပြဿနာပေါ်ပေါက်လာလို့ အာဏာစွန့်သွားတဲ့သူဆိုတာ မရှိပါဘူး။ ပြဿနာကို ဖြေရှင်းဖို့နည်းလမ်းရှာတာပဲ ရှိပါတယ်။ ထို့အတူပါပဲ နစကအစိုးရတာဝန်ရှိသူတွေအနေနဲ့ကလည်း အရေးပေါ်ကာမှာ တာဝန်ယူနေရတယ်။ ပြဿနာပေါင်းများစွာ ရှိနေတယ်။ တစ်ခုချင်း ဖြေရှင်းနေမှာပဲ။ မင်းတို့ဖန်တီးတဲ့ မရိုးနိုင်သော ပြဿနာများကို အကောင်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းမှာပဲ။

မြို့သိမ်းတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲတွေ တိုက်ခဲ့တာ အတော်များပါပြီ။ မြို့တွေလည်း ပျက်လုနီးပါး ဖြစ်ခဲ့ရတာတွေ ရှိပါတယ်။ ဒေသခံပြည်သူ သိန်းနဲ့ချီပြီး စစ်ဘေးစစ်ဒဏ်ခံနေကြရပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပဒက်တွေ ပူးပေါင်းတိုက်ခိုက်လို့ ပျက်စီးသွားတဲ့ မြို့တွေမှာ အုပ်ချုပ်ရေးယန္တရားတွေ တည်ဆောက်နိုင်ပြီလား။ ပြန်ကြည့်လိုက်ပေါ့။ ဘယ်မြို့မှာမှ NUG ရဲ့ အုပ်ချုပ်ရေးယန္တရား မတည်ဆောက်နိုင်ပါဘူး။ ဘယ်စခန်းမှာမှ မင်းတို့ အငတ်ခံပြီး တပ်စွဲ မနေနိုင်ပါဘူး။ ဒီအဆင့်လောက်နဲ့ နစကအစိုးရ ပြုတ်ကျဖို့ဆိုတာ ဝေလာဝေးပါပဲ။

နစကအစိုးရက သဘောကောင်းလွန်းလို့ မင်းတို့ မြို့ကို တစ်ပတ်သိမ်းနိုင်တာရှိမယ်၊ တစ်လသိမ်းနိုင်တာ ရှိလိမ့်မယ်။ သေချာတာကတော့ မဖြစ်မနေ ပြန်လည်နှိမ်နင်းဆောင်ရွက်ရမယ်။ ပြင်းပြင်းထန်ထန် နှိမ်နင်းဆောင်ရွက်သည့်အခါ ပဒက်တွေရော သောင်းကျန်းသူတွေရော ခွေသေ သေရမယ်၊ ခွေးပြေး ပြေးရမယ်။ ဒီအခြေအနေဟာ Win - Win Situation မဟုတ်တာကိုတော့ မင်းတို့ကို ဦးဆောင်နေတဲ့ သူတွေ သိပါတယ်။ ကောင်းကျိုးရလာဒ် မမြင်တဲ့ စစ်ပွဲတွေကို ဘာကြောင့်တိုက်နေသလဲဆိုတဲ့ အဖြေကတော့ NUG, KNU, KIA ရဲ့ နောက်ကွယ်က လက်မဲကြီးတွေ၊ MNDAA, TNLA, AA ရဲ့ နောက်ကွယ်က လက်မဲကြီးတွေ အလိုကျ တိုက်ကွက်ဖော်ခြင်းထက် မပိုပါဘူး။

အချို့သော ဒေသက ပဒက်တွေနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေကတော့ သိပ်ကို ပိရိတယ်။ ပဒက်တွေကလည်း တပ်ကို မတိုက်ဘူး။ အုပ်ချုပ်ရေးပိုင်းကို မတိုက်ဘူး။ အုပ်ချုပ်ရေးပိုင်းကလည်း ပဒက်တွေ ဘယ်ရွာမှာ ဘယ်လိုပင် အခြေပြုလှုပ်ရှားနေစေကာမူ မနှိမ်နင်းဘူး။ မရှိသလို မသိကျိုးကျွန်ပြုပေးထားတယ်။ အထက်လူကြီးများကို လိမ်ညာတင်ပြလို့ကောင်းတဲ့ အခြေအနေမျိုး ဖန်တီးထားနိုင်တယ်။ သူတို့တွေကြတော့လည်း ဟန်ကျသားပဲ။ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ပေးအပ်ခြင်း ခံထားရသူများက တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေတဲ့ အကြမ်းဖက်ဝါဒီတွေနဲ့ လက်ဝါးချင်းရိုက်စားနေလိုက်တယ်။ အေးချမ်းနေသယောင်ပေါ့။

သူတို့တွေကြတော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုတဲ့ ဝိသမလောဘသားတွေပဲ။ ဒီအခင်းအကျင်းကြီး ပြီးသွားမှာကိုတောင် စိုးရိမ်နေကြလိမ့်မယ်။ ဒီလို လုပ်စားခွင့် ရမှာ မဟုတ်တော့ဘူးလေ။

ဒီအခင်းအကျင်းမှာ အများပြည်သူ ဆုံးရှုံးနစ်နာမှုများမယ်။ အာမခံချက် မရှိဘူး။ ဒီအခြေအနေကို ရိပ်စားမိကြဖို့နဲ့ မိမိနေထိုင်ရာ ဒေသမှာ ပြည်ဖျက်မိစ္ဆာတွေက စစ်မက်ပြုလာတဲ့အခါ ဘေးအန္တရာယ် ကင်းရှင်းအောင် စီမံဆောင်ရွက်နိုင်ကြပါစေလို့ပဲ နိဂုံးချုပ်အနေနဲ့ အကြံပြုတင်ပြလိုက်ရပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)