ဘားအံမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးရှောင်ပြည်သူများအတွက် အလှူငွေများ ထောက်ပံ့ လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးရှောင်ပြည်သူများအတွက် အလှူငွေများ ထောက်ပံ့ လှူဒါန်း




ဘားအံ၊ ဇူလိုင် ၂၉

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်း၍   သံလွင်မြစ်ရေသည် စိုးရိမ်ရေ အမှတ် ၇၅၀ စင်တီမီတာထက် ၉၄၂ စင်တီမီတာသို့ကျော်လွန်ပြီး မြစ်ရေလျှံတက်မှု ဖြစ်ပွား၍ နေအိမ်များ ရေနစ်မြုပ်မှုများဖြစ်ပွားလျက်ရှိရာ ဒေသခံပြည်သူ (၈၀၀၀) ကျော်အား ယာယီရေဘေး ကယ်ဆယ်ရေးစခန်း (၂၀)၌ ပြောင်းရွှေ့နေရာချထားလျက်ရှိသည်။

မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် အ-ထ-က(၁)ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ ကြားတောရ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ မိုးလုံလေလုံအားကစားရုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများ စားသောက်ရေး အဆင်ပြေစေရေးအတွက် ကရင်ပြည်နယ် အိမ်ခြံမြေဝန်ဆောင်မှုအသင်းက ထောက်ပံ့ငွေကျပ် (၁၀) သိန်းပေးအပ်လှူဒါန်းရာ ကရင်ပြည်နယ် အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးစောထွန်းအောင်က လက်ခံရယူခဲ့ပြီး ရေဘေးသင့်ပြည်သူများအား လိုက်လံကြည့်ရှုအား‌ပေးခဲ့သည်။

၎င်းအပြင် ရေဘေးကယ်ဆယ်ရေးစခန်း(၂၀)ရှိ ဒေသခံပြည်သူများအား  ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ဒေသခံတိုင်းရင်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အလှူရှင်များက ဆန်၊ ဆီနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ် လှူဒါန်းလျက်ရှိကြောင်းသည်။

ဘားအံမြို့နယ်တွင် ဇူလိုင်လ(၂၈)ရက်နေ့အထိ ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၂၀)ခု ဖွင့်လှစ်ထားရှိပြီး အိမ်ထောင်စု (၁၈၉၈)စု၊ ကျား(၄၁၃၀)ဦး၊ မ(၄၄၈၆)ဦး စုစုပေါင်းလူဦးရေ(၈၆၁၆)ဦး ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရှိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)