စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေး တက်ရောက်ရန် ဘင်းမ်စတက်လုံခြုံရေးဆိုင်ရာ အကြီးအကဲများနှင့် အဖွဲ့ဝင်များ နေပြည်တော်သို့ ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေး တက်ရောက်ရန် ဘင်းမ်စတက်လုံခြုံရေးဆိုင်ရာ အကြီးအကဲများနှင့် အဖွဲ့ဝင်များ နေပြည်တော်သို့ ရောက်ရှိ


နေပြည်တော်၊ ဇူလိုင် ၂၆

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသား လုံခြုံရေးဆိုင်ရာအကြီးအကဲများ အစည်းအဝေး (4th BIMSTEC National Security Chiefs’ Meeting) သို့ တက်ရောက်ရန် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ ဘင်းမ်စတက်လုံခြုံရေးဆိုင်ရာ အကြီးအကဲများ၊ ဇနီးများနှင့် အဖွဲ့ဝင်များသည် ယမန်နေ့က ရန်ကုန်မြို့မှတစ်ဆင့် နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိကြသည်။

နေပြည်တော်သို့ ရောက်ရှိလာကြသော အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများဖြစ်ကြသည့် အိန္ဒိယနိုင်ငံမှ H.E. Shri Ajit Doval ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Ambassador Abdul Motaleb Sarker ၊ ဘူတန်နိုင်ငံမှ Mr. Son-am Wangyel ၊ နီပေါနိုင်ငံမှ H.E. Mr. Harishchandra Ghimire ၊ သီရိလင်္ကာနိုင်ငံမှ General Kamal Gunaratne(Retd) WWV RWP RSP USP Ndc psc MPhil၊ ထိုင်းနိုင်ငံမှ H.E. Mr. Ruchakorn NAPAPORNPIPAT တို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ဘင်းမ်စတက်လုံခြုံရေးဆိုင်ရာအကြီးအကဲများနှင့် ဇနီးများသည် ဇူလိုင် ၂၄ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ထို့အတူ စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးတက်ရောက်မည့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey နှင့် ဘင်းမ်စတက်လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများသည် ဇူလိုင် ၂၂ ရက်နှင့် ဇူလိုင် ၂၃ ရက် တို့တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)