ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ





ရန်ကုန်၊ ဇူလိုင် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်ရှိ အောင်ဗောဓိစေတီတော်မြတ်ကြီးဘုရားဝန်းရှိ ထက်လင်းသိမ်တော်ကြီး၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌဆရာတော်ကြီး နှင့် ပင့်ဖိတ်ထားသည့် ဆရာတော်၁၅ ပါး ကြွရောက်ချီးမြှင့် တော်မူကြပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးသန်းနိုင် နှင့် ဇနီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့များ၊ ဒဂုံမြို့သစ်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဒေါ်စမ်းစမ်းဌေး ၊ မြို့နယ်ဥပ္ပဌမ္ဘကအဖွဲ့ဥက္ကဌ ဦးအောင်ကြည်၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ သာသနာရေးဆိုင်ရာအဖွဲ့အစည်းများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများ၊ ဖိတ်ကြားထားသောဧည့်ပရိတ်သတ်များ တက်ရောက်ကြသည်။

ထို့နောက် မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးသန်းနိုင် နှင့် ဇနီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့များ၊ ဒဂုံမြို့သစ်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဒေါ်စမ်းစမ်းဌေး ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ သာသနာရေးဆိုင်ရာအဖွဲ့အစည်းများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများ၊ ဖိတ်ကြားထားသောဧည့်ပရိတ်သတ်များ တက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

မြို့နယ်သံဃာယကဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့် တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် အခမ်းအနားတက်ရောက်လာကြသူများအား ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သတင်းရရှိသည်။ 


စည်သူ

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)