ပေါင်မြို့နယ် (အထက)နတ်ကြီးချောင်ကျောင်း၌ ခွေးရူးရောဂါအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် (အထက)နတ်ကြီးချောင်ကျောင်း၌ ခွေးရူးရောဂါအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေး



ပေါင်၊ ဇူလိုင် ၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇူလိုင်(၃)ရက်နေ့ နံနက်(၁၀)နာရီက နတ်ကြီးချောင်ကျေးရွာ အခြေခံပညာအထက်တန်း‌ကျောင်း၌ ခွေးရူးရောဂါအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း ပြုလုပ်ခဲ့ကြသည်။

ဟောပြောပွဲတွင် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့   လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်း ၊ နတ်ကြီးချောင်တာဝန်ခံ ကျန်းမာ‌ရေး

လက်ထောက်ကြီးကြပ်ရေးမှူး ဦးညာဏ်လင်း နှင့် တာဝန်ရှိသူတို့က ခွေးရူးရောဂါ၏ လက္ခဏာများ၊ ရောဂါကူးစက်ပျံ့နှံ့ပုံများ၊ ကာကွယ်ရန်နည်းလမ်းများ စသည့် ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သိကောင်းစရာတို့ကို ဆွေးနွေးဟောပြောခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ သထုံခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)