မြန်အောင်၊ ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကညွှတ်ကုန်းရွာအုပ်စု ကညွှတ်ကုန်းရွာအနီး တစ်မိုင်ကျော်ခန့်အကွာ မမြဖေါက်ချောင်း ကမ်းပါးကျိုးပဲ့သည့်နေရာအား ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့်တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဦးတင်အေးသည် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခရိုင်မြေစာရင်းမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ဆည်မြောင်ဦးစီးမှူးတို့နှင့်အတူ မြန်အောင်မြို့နယ် ကညွတ်ကုန်းကျေးရွာအုပ်စု၊ ကညွတ်ကုန်း ကျေးရွာ၏မြောက်ဘက် တစ်မိုင်ကျော်ခန့်ကွာ ဒေသအခေါ် မမြချောင်းသို့ ဆက်သွယ် ဖောက်လုပ်ထားသော မမြဖေါက်ချောင်းကမ်းပါး အလျား ၁၅ ပေခန့် ၊ အနက် ၅ ပေခန့်ကျိုးပဲ့၍ ချောင်းရေစီးဆင်းနေမှုအား ကြည့်ရှုစစ်ဆေး၍ အမြန်ဆုံးပြန်လည်ပြုပြင်သွားရန် လမ်းညွှန် မှာကြား၍ စိုက်ခင်းများရေလွှမ်းမှုအခြေအနေ၊ ကျေးရွာချင်းဆက်လမ်းများ ရေကျော်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်
#MyanmarNationalPost
No comments:
Post a Comment