ဖြူးမြိုနယ် အ.ထ.က(၁)ကျောင်း၌ ပန်းခင်းစီမံချက်(၃) အစီအစဉ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖြူးမြိုနယ် အ.ထ.က(၁)ကျောင်း၌ ပန်းခင်းစီမံချက်(၃) အစီအစဉ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်




ဖြူး၊ ဇူလိုင် ၃၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြိုနယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ  ကျောင်းသား/ကျောင်းသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြိုနယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက်(၃) အစီအစဉ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်မှစတင်ကာ အဆိုပါကျောင်း ရာပြည့်ခန်းမတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ပြားကိုင်ကြစို့”ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား  ဆောင်ရွက်ပေးရာတွင် အကျုံးဝင်သော ကျောင်းသား(၅၈)ဦး၊ ကျောင်းသူ(၈၄)ဦး၊  စုစုပေါင်း (၁၄၂)ဦးအား  လိုအပ်သည့်အချက်အလက်များအား ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း  မြို့နယ်ဦးစီးမှူးဦးမြင့်သိန်းထံမှ သိရသည်။


နေမျိုးလွင် 

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)