ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်








ဘားအံ၊ ဇူလိုင် ၈

ကရင်ပြည်နယ် မွန်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဦးဆောင်ကျင်းပသော မွန်ရိုးရာယဉ်ကျေးမှုအမွေအနှစ် သင်တန်းဆင်းပွဲကို ယမန်နေ့က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

အဆိုပါသင်တန်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမျိုးသားယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သော အမူအကျင့်များ၊ အရှေ့တိုင်းယဉ်ကျေးမှုနှင့် မအပ်စပ်သည့် ပြည်ပယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာနိုင်ခြင်းမရှိစေရန် မိမိတို့၏ရိုးရာယဉ်ကျေးမှုများ ပျောက်ကွယ်မသွားစေရန် ရည်ရွယ်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး မိမိတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေကျပ် သိန်း(၁၅၀)ကို သင်တန်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌထံ ပေးအပ်ချီးမြှင့်ရာ သင်တန်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးစောထွန်းအောင်က သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ကရင်ပြည်နယ်မွန်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ မင်းဇော်မင်းဦးက သင်တန်းဖွင့်လှစ်ခဲ့ရခြင်းနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများက မွန်ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အတီးများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

မွန်ရိုးရာယဉ်ကျေးမှုအမွေအနှစ် အဆို၊ အက၊ အတီး သင်တန်းကို ဇွန်လ ၃ ရက်နေ့မှ ဇူလိုင်လ ၃ ရက်နေ့ထိ လှိုင်းဘွဲမြို့နယ်၊ ဒေါ်လန်းတိုက်ကျောင်းတွင် သင်ကြားဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ ၃၂ ဦးတက်ရောက်ခဲ့ကြကာ မွန်ရိုးရာယဉ်ကျေးမှု မိကျောင်းတူရိယာ၊ လခြမ်းတူရိယာနှင့် ပတ္တလားတူရိယာတီးခတ်နည်းသင်တန်း၊ အဆိုသင်တန်းနှင့် အကသင်တန်းတို့ကို ပူးတွဲသင်ကြားပို့ချပေးခဲ့သည်ဟုသိရှိရပြီး အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)