ကျိုက္ကော်ရပ်ကွက် မြို့မဈေးအရှေ့ရှိ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ် ရေကျော်ကာ ယာဉ်များအသွားအလာပြုလုပ်ရန် ခက်ခဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက္ကော်ရပ်ကွက် မြို့မဈေးအရှေ့ရှိ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ် ရေကျော်ကာ ယာဉ်များအသွားအလာပြုလုပ်ရန် ခက်ခဲ



သထုံ၊ ဇူလိုင် ၂၇

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ယနေ့ နံနက်က ကျိုက္ကော်ရပ်ကွက် မြို့မဈေးအရှေ့ရှိ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမပေါ် ရေကျော်ကာ ယာဉ်များအသွားအလာခက်ခဲမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာအဆက်မပြတ် ရွာသွန်းမှုကြောင့် ကျိုက္ကော်ရပ်ကွက်ရှိ ကျိုက္ကော်ချောင်းရေလျှံပြီး နံနက် ၂ နာရီအချိန်ခန့်မှစတင်ကာ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၃၈/၆ နှင့် ၁၃၉/၀ အကြားတွင် အဝေးပြေးကားလမ်းမကြီးပေါ်သို့ ရေအမြင့် (၂)ပေခန့် ရေကျော်မှုဖြစ်ပွားခဲ့ကြောင်း ကားလမ်းရေကျော်နေခြင်းကြောင့် တာဝန်ရှိသူများက လမ်းလွှဲပြုလုပ်ကာ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ရေး ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ရေများပြန်လည်ကျဆင်းလာရာ နံနက် ၈ နာရီခွဲအချိန်ခန့်၌ ကားလမ်းမပေါ် ၌ ရေအမြင့် (၁)ပေ‌ကျော်ခန့် ကျဆင်းသွား၍ ယာဉ်ကြီးယာဉ်ငယ်များအား အလှည့်ကျစနစ်ဖြင့် ဖြတ်သန်းမောင်းနှင်ခွင့်ပြုပြီး ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် သုဝဏ္ဏဝတီမြို့အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ဝင်းဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီရေးအဖွဲ့များတို့က ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)