သိပ္ပံနှင့် နည်းပညာ ဒုတိယဝန်ကြီး ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်နှင့် သတင်းအချက်အလက်နည်းပညာတက္ကသိုလ် ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သိပ္ပံနှင့် နည်းပညာ ဒုတိယဝန်ကြီး ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်နှင့် သတင်းအချက်အလက်နည်းပညာတက္ကသိုလ် ကြည့်ရှုစစ်ဆေး


ရန်ကုန်၊ ဇူလိုင် ၃၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျသည် ၂၉-၇-၂၀၂၄ ရက်နေ့က လှိုင်သာယာမြို့နယ် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ကျောင်းသားကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး၍ နိုင်ငံဖွံ့ဖြိုးရေး တည်ဆောက်ရာတွင် အမှန် တကယ်အားထားရသည့် ပြည်သူ့ အကျိုးသယ်ပိုးနိုင်သော၊ ဗလ ငါးတန်နှင့်ပြည့်စုံသော အင်ဂျင်နီယာများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တက္ကသိုလ်ပင်မဆောင် တည်ဆောက်ရေးလုပ်ငန်းခွင် အတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် လှိုင်မြို့နယ်ရှိ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်သို့ရောက်ရှိပြီး ကျောင်းသားကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ နောက်ဆုံးပေါ် Digital Transformation ဆိုင်ရာ IT နည်းပညာ အရွေ့နှုန်းနှင့်အတူ အမီလိုက်ပါနိုင်ရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြု IT နည်းပညာရှင်များဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား၍ တက္ကသိုလ်ပင်မဆောင်တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် တစ်တပ်တစ်အားဖြစ်စေမည့် အင်ဂျင်နီယာလူငယ်များကို နိုင်ငံ တကာစံနှုန်းများ ပြည့်မီစွာဖြင့် စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)