ကြံခင်း၊ ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကြံခင်းမြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်မြို့နယ်မှူး ဦးအောင်အောင်၊ ဒုလဝကမှူး ဒေါ်ခိုင်ဇာကျော်၊ လက်ထောက်လဝကမှူး ဦးဇင်ထွန်းမင်း၊ ရပ်ကျေးစာရေးတို့နှင့်အတူ ရွှေတောင်စု၊ ရွာသစ်နှင့် မြို့မရပ်ကွက်များရှိ အသက် ၁၆ နှစ်မှ ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသောသူများအား တစ်အိမ်တက်ဆင်းလိုက်လံ၍ စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ပန်းခင်း(၃)ဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment