ပန်းတနော် ၊ ဇူလိုင် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မိုးရာသီကာလ၌ ဖြစ်ပွားတတ်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နည်းလမ်းများအား ပြည်သူများ သိရှိလိုက်နာနိုင်စေရန် ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် တာဝန်ရှိသူများက လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ပြည်သူများအား မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ဖြစ်ပွားနိုင်သည့် အခြေအနေများ၊ ရောဂါပိုးကူးစက်နိုင်သည့် နည်းလမ်းများ၊ ရောဂါ လက္ခဏာများနှင့် ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရေးအတွက် မြို့ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင်များ၊ လမ်းဘေးစျေးဆိုင်များနှင့် မြို့မစျေးတို့တွင် ကျန်းမာရေးနှင့်ညီညွတ်စွာ ရောင်းချနိုင်ရေး လိုက်လံအသိပညာပေးပြောကြားခဲ့ပြီး ကျန်းမာရေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment