ကြံခင်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (သစ်ဆိမ့်ကိုင်း) တွင် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (သစ်ဆိမ့်ကိုင်း) တွင် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်






ကြံခင်း၊ ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ သစ်ဆိမ့်ကိုင်းကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း(သစ်ဆိမ့်ကိုင်း) တွင် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နေ့လယ်ပိုင်းက အဆိုပါကျောင်းရှိ စုဝေးခန်းမ ၌ ပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီး ဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း(သစ်ဆိမ့်ကိုင်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာဆွေ က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က   ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေ ရန်၊ စာပေမှ ဗဟုသုတ အသိအလိမ္မာများရရှိစေရန်၊ အမှားအမှန် ခွဲခြားတတ်လာစေရန် စသည့်ရည်ရွယ်ချက် ကောင်းများစွာ တိုးပွားလာစေရေးအတွက် ယခုလို ကျေးရွာရှိ အခြေခံပညာကျောင်းများအရောက် စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြက် ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းစာကြည့် တိုက်များ၊ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရေးကိုလည်း နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။ ယင်းနောက် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက ပြင်းထန်ဝန်းပျက်ဝမ်းလျှော ရောဂါကြိုတင် ကာကွယ်ရေးအကြောင်းအရာများကိုလည်းကောင်း၊ ကျောင်းစျေးတန်းများနှင့် ပြင်ပဈေးဆိုင်းများတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  စားသုံးရန်မသင့်သော အစားအစာများနှင့် ရရှိလာမည့် ဆိုးကျိုးများ အကြောင်းအားလည်းကောင်း  အကျယ်တစ်ဝင့်ရှင်းလင်းပြောကြားပြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဥ္ဇာဝင်းက ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး အကြောင်းအရာ များအားလည်းကောင်း၊  အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်နွေး က  လူငယ်ရေးရာအသိပညာပေး အကြောင်းအရာများအားလည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။ 

ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသည့်ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့်သုတ ရသစာအုပ်များအား ပြသပေးခဲ့ရာ  ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုကြကြောင်း သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)