မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ကိုယ်စားလှယ်အဖွဲ့ အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့၏ အကြိမ် (၂၀) မြောက် ရုံးအဖွဲ့အစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ကိုယ်စားလှယ်အဖွဲ့ အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့၏ အကြိမ် (၂၀) မြောက် ရုံးအဖွဲ့အစည်းအဝေးသို့ တက်ရောက်



နေပြည်တော်၊ ဇူလိုင် ၁၃

မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်စိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ် ဇူလိုင် ၉ ရက်မှ ၁၀ ရက် အထိ လာအိုနိုင်ငံ လွမ်ပရာဘမ်မြို့ရှိ Angthong Hotel ၌ ကျင်းပခဲ့သည့် အာဆီယံအဂတိလိုက် စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption_ASEAN-PAC)၏ အကြိမ် (၂၀) မြောက် ရုံးအဖွဲ့အစည်းအဝေးနှင့် ၂၀၂၄ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (United Nations Office on Drugs and Crimes-UNODC) နှင့် လာအိုနိုင်ငံအစိုးရ စုံစမ်းစစ်ဆေးရေး အာဏာပိုင် အဖွဲ့ (The State Inspection Authority of Lao PDR – SIA) တို့ပူးပေါင်း၍ ကျင်းပသည့် “Strengthening Capacity on Investigation and Asset Recovery for ASEAN-PAC Authorities” အလုပ်ရုံ ဆွေးနွေးပွဲများသို့ ASEAN-PAC အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူတက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ၂၀၂၃ ခုနှစ် ဩဂုတ် ၁၆ ရက်မှ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စား မှုတိုက်ဖျက်ရေးအဖွဲ့ (ACU) မှ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ်ကာလအတွင်း ကျင်းပခဲ့သည့် ASEAN-PAC ၏ (၁၉) ကြိမ်မြောက် ရုံးအဖွဲ့အစည်းအဝေးမှတ်တမ်းကို အတည်ပြုခြင်း၊ လာအိုနိုင်ငံ SIA ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ်ကာလအတွင်း ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ၊ တက်ရောက်ခဲ့သည့် အစည်းအဝေးများနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ ASEAN-PAC e-Booklet တရားဝင်ဖြန့်ဝေနိုင်ရေး ကိစ္စရပ်အပေါ် ဆွေးနွေးခြင်း၊ ASEAN-PAC ၏ ၂၀၂၃-၂၀၂၅ Action Plan အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကိုဆွေးနွေးခြင်း၊ ၂၀၂၄ ခုနှစ်အတွင်းကျင်းပမည့် ASEAN-PAC အလုပ်ရုံဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်ရမည့် အချက်များကိုဆွေးနွေးခြင်း၊ ၂၀၂၄ ခုနှစ် တွင် အင်ဒိုနီးရှားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (The Corruption Eradication Commission of Indonesia-KPK) မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ်(၂၀)မြောက် အကြီးအမှူးများ အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင် နိုင်ရေးဆွေးနွေးခြင်း၊ ASEAN-PAC Contact List နှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ Focal Point သတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း တို့ကိုဆောင်ရွက်ခဲ့ကြသည်။

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အစည်းအဝေးအစီအစဉ်ပါ အကြောင်းအရာများကို ပါဝင်ဆွေးနွေးခြင်းအပြင် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆောင်ရွက်နေမှု၊ အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ ASEAN-PAC အပါအဝင် ဒေသတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ အဖွဲ့ဝင်နိုင်ငံအချို့နှင့် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းရပ်များကို ပါဝင်ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဇူလိုင် ၁၁ ရက် တွင် အဆိုပါ ဟိုတယ်၌ UNODC ကကြီးမှူးကျင်းပသည့် “Streng-thening Capacity on Investiga-tion and Asset Recovery for ASEAN-PAC Authorities” အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်းနှင့် အစည်းအဝေးသို့ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် လာအိုနိုင်ငံအစိုးရစုံစမ်းစစ်ဆေးရေးအာဏာပိုင်အဖွဲ့ (State Inspection Authority_SIA) မှ ကိုယ်စားလှယ်များ၊ ASEAN-PAC အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။


ဖ https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)