ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌဘိဝံသ ဦးဆောင်သော ဆရာတော် (၁၁) ပါးအား မြန်မာသံရုံးနှင့် စစ်သံရုံးတိုမှ နေ့ဆွမ်းဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌဘိဝံသ ဦးဆောင်သော ဆရာတော် (၁၁) ပါးအား မြန်မာသံရုံးနှင့် စစ်သံရုံးတိုမှ နေ့ဆွမ်းဆက်ကပ်လှူဒါန်း



ပေကျင်း၊ ဇူလိုင် ၁၂

တရုတ်နိုင်ငံ၊ ပေကျင်းမြိုသို့ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သံဃမဟာနာယကအဖွဲ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌဘိဝံသ ဦးဆောင်သည့် ဆရာတော် (၁၁) ပါးအား တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့် ဇနီး ဦးဆောင်ပြီး မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များမှ ၁၁-၇-၂၀၂၄ ရက်၊ နံနက် (၁၁: ၀၀) နာရီအချိန်တွင် မြန်မာသံရုံး၌ နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့သည်။

နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီးနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌဘိဝံသ ဦးဆောင်သည့် ဆရာတော်များက ဆုံးမဩဝါဒတရားတော်များ မိန့်ကြားခြင်း၊ မေတ္တာသုတ်နှင့် တရားတော်များ စီးဖြန်းခြင်းတို့ ဆောင်ရွက်ပေးခဲ့ပြီး၊ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့် ဇနီး၊ မြန်မာစစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်နှင့် ဇနီး၊ သံရုံးနှင့်စစ်သံရုံး၊ ဝန်ထမ်းများနှင့် မိသားစုဝင်များမှ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများဖြင့် ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)