မိုးညိုမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကျေးရွာအုပ်စု(၂၀)အုပ်စုသို့မြစ်ရေများ ဝင်ရောက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကျေးရွာအုပ်စု(၂၀)အုပ်စုသို့မြစ်ရေများ ဝင်ရောက်လျက်ရှိ





မိုးညို  ၊ ဇူလိုင် ၁၅


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ဆည်မြောင်းနှင့်‌ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြစ်ရေတိုင်းတာရေးစခန်းမှ တိုင်းတာချက်အရ မိုးညိုမြို့နယ်၏ ဧရာဝတီမြစ်ရေမှာ(၅၇.ဝ၅)ပေ၊ (၁၇၃၉)စင်တီမီတာဖြစ်ပြီး မိုးညိုမြို့နယ်၏ စိုးရိမ်ရေအမှတ်(၅၄.၁၀)ပေ (၁၆၄၉)စင်တီမီတာအထက် (၂.၉၅)ပေ၊ (၈၉၉)စင်တီမီတာသို့ ရောက်ရှိလာသဖြင့် မိုးညိုမြို့၏ ဧရာဝတီမြစ်ကမ်းဘေးအနိမ့်ပိုင်းရှိ ကျေးရွာအုပ်စု(၂၀)အုပ်စု၊ ကျေးရွာခွဲ(၇၇)ရွာ၊ အိမ်ခြေ(၈၇၄၀)အိမ်သို့ ပျမ်းမျှမြစ်ရေအမြင့်(၁.၅)ပေခန့် ယမန်နေ့က ဝင်ရောက်လျက်ရှိကြောင်း သိရသည်။


မိုးညိုမြို့၏ ဧရာဝတီမြစ်ရေတားတာ အပြင်ဘက်အနိမ့်ပိုင်းတွင် နေထိုင်သည့် မိုးညိုမြို့နယ်၊ ရေကင်းအုပ်စု၊ ရေကင်းရွာရှိ အိမ်ခြေ(၁၃)အိမ်မှ အိမ်ထောင်စု(၁၃)စု၏ လူဦးရေ ကျား(၁၉)ဦး၊ မ(၂၃)ဦး၊ ပေါင်း(၄၂)ဦးတို့သည် ရေကင်းရွာဇရပ်သို့လည်းကောင်း၊ လက်ပံခုံအုပ်စု၊ ပြည်တော်သာရွာရှိ အိမ်ခြေ(၄)အိမ်မှ အိမ်ထောင်စု(၄)စု၏ လူဦးရေကျား(၄)ဦး၊ မ(၈)ဦး၊ ပေါင်း(၁၂)ဦးတို့သည် နီးစပ်ရာဆွေမျိုးအိမ်များသို့လည်းကောင်း၊ စပါယ်မျှောင်အုပ်စု၊ စိန်တိုင်ရွာရှိ အိမ်ခြေ(၇)အိမ်မှ အိမ်ထောင်စု(၇)စု၏ လူဦးရေကျား(၇)ဦး၊ မ(၇)ဦး၊ ပေါင်း(၁၄)ဦးတို့သည် စိန်တိုင်ဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း အသီးသီးပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။


ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မိုးညိုမြို့နယ်အတွင်း ကျေးရွာအုပ်စု(၂၂)အုပ်စုမှ တောင်သူ(၄၆၁၇)ဦး၏ မိုးစပါး(၁၃၇၇)ဧက၊ မိုးနှမ်း(၁၃၄၉၉)ဧက၊ မိုးမြေပဲ(၂၀၉)ဧက၊ မိုးငရုတ်စို(၄၄)ဧက၊ ဖူးစားပြောင်း(၂၇၂)ဧက၊ ပဲစဉ်းငုံ(၆)ဧက၊ ပန်းအမျိုးမျိုး (၁၇၆)ဧက၊ ချဉ်ပေါင်လျှော်(၂)ဧက၊ ဟင်းသီးဟင်းရွက်(၁၆၆)ဧက စုစုပေါင်းသီးနှံဧက (၁၅၇၅၁)ဧက မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။


ကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)