ဇီးကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇီးကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားပြုလုပ်




ဇီးကုန်း  ၊  ဇွန်  ၃၀


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် လူရည်ချွန်မောင်မယ်များအား သီရိပျံချီဦးဉာဏ်ဝင်း+ဒေါ်မြင့်မြင့်စိုးမိသားစုတို့က ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နေ့လယ်တစ်နာရီက အမှတ်(၄)ရပ်ကွက်၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားအား အ.ထ.က(ဇီးကုန်း)မှ ကျောင်းသား၊ ကျောင်းသူလေးများက "ပညာပန်းခင်း"ဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် သီရိပျံချီဦးဉာဏ်ဝင်းက  အမှာစကားပြောကြား၍ ဂုဏ်ပြုချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူးဒေါ်ခင်သင်းရီက ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီး အောင်ချက်အကောင်းဆုံးမြို့နယ်တတိယဆုနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ရေး စွမ်းဆောင်ပေးခဲ့သောကျောင်းများနှင့် ဇီးကုန်းမြို့နယ်မှဘက်စုံထူးချွန်ဆုရ လူရည်ချွန်မောင်မယ်(၅)ဦးအား အလှူရှင်သီရိပျံချီဦးဉာဏ်ဝင်း+ဒေါ်မြင့်မြင့်စိုးတို့က ဂုဏ်ပြုဆုငွေများနှင့် ဆုတံဆိပ်များကို ချီးမြင့်ပေးအပ်ခဲ့သည်။ ဆက်လက်၍ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်စာမေးပွဲတွင် တစ်ဘာသာဂုဏ်ထူးရှင်(၂၈)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၁၄)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၆)ဦးနှင့် လေးဘာသာဂုဏ်ထူးရှင်(၄)ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဂုဏ်ပြုဆုငွေများနှင့် ဆုတံဆိပ်များကို ကျောင်းသား၊ ကျောင်းသူများအား ချီးမြင့်ပေးအပ်ခဲ့ကြပြီး အ.ထ.က(မြို့မ)မှ ကျောင်းသား၊ ကျောင်းသူလေးများက "ဇာတိမာန်" သီချင်းဖြင့် သီဆိုဂုဏ်ပြု၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။


တင့်ဆွေ

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)